30

5.7K 508 86
                                    

30;လုံခြုံစေခြင်း

~သူသာလေညှင်းလေးဆို
ကိုယ်ဟာလေညှင်းအထိတွေ့ကို
ခံစားခွင့်ရှိတဲ့ ပန်းလေးဖြစ်ချင်ခဲ့~

ကားစတီယာရင်ကို လက်နဲ့ပုတ်ကာ
ပုတ်ကာဖြင့်စီးချက်လိုက်ရင်းရေဒီယိုထံမှ ပျံ့လွှင့်လာတဲ့သီချင်းသံကို နှုတ်ကနေလည်း ခပ်တိုးတိုးလိုက်ညည်းနေမိ၏ ။

~ကိုယ့်ရဲ့ရင်မှာ၀င်လာဖြစ်တည်နေတဲ့ အချစ်တို့ရှိတယ် ထာ၀စဥ်သိမ်းဆည်းထားခဲ့ မင်းလေးယူနိုင်တယ် ဒါမင်းအတွက်သီးသန့်ပဲ~

ဖြူ့သင်တန်းဆီကိုသွားကြိုရာလမ်းသည် ရွှင်မြူးစရာအတိ ။ ဖြူ တက်သော အရုပ်ထိုးတဲ့သင်တန်းက ရက်တိုသင်တန်းဖြစ်၍ လေးရက်သာတက်ရသော်လည်း မနက်၉နာရီ
ကတည်းကစ၍ ညနေ၅ခွဲထိ သင်ရသည် ။

အဲ့တော့သံစဥ့်ခဗျာ မနက်စောစော ဖြူ့ကို ခဏမြင်ပြီးသည်နှင့် မမြင်ရတော့။ညနေမှသာ မျက်နှာတော်ကိုထပ်ဖူးခွင့်ရသည် ။

တချို့LDRတွေတော့ ဘယ်လိုနေသည်မသိ။ သံစဥ့်အတွက် ထိုတစ်နေ့တာလုံးဝေးနေရခြင်းကပင် သည်းခံဖို့ရာတော်တော်ခဲယဥ်း၏ ။

အခုကတစ်အိမ်ထဲနေနေတော့ ပိုဆိုးသည် ။ ဖြူကအမြဲတမ်း သူမရဲ့လက်တကမ်းအလိုမှာ ရှိနေတာမို့ ဖြူသင်တန်းတတ်တော့ သူမမှာ
ဟာတာတာ ။

တနေ့တနေ့ ဘာတွေမှန်းမသိသောfbနဲ့ ဖြူ့စာအုပ်တွေကို ယူဖတ်ရင်း နာရီလက်တံလည်သည်ကို အောင့်အီးသည်းခံစောင့်ရ၏ ။

အရုပ်တွေထိုးတဲ့ဟာကြီးကိုမသင်ချင်လည်းဖြူနဲ့အတူတူလိုက်တတ်လိုက်ရကောင်းသားဟုတွေးမိသည့်အခါတွေလည်းရှိရဲ့ ။

ထိုအရုပ်သင်တန်းတည်ရှိရာလမ်းကြားထဲက်ို ဝင်သည်နှင့် ကားဘီးကိုဖြည်းဖြည်းသာလိမ့်၍
မောင်းလိုက်သည် ။လမ်းသွယ်ဖြစ်၍ ကတ္တရာလမ်းမဟုတ်သောကြောင့် ဖြောင့်ဖြူးမနေ ။

သင်တန်းက လမ်းထဲကိုတော်တော်၀င်ရသည့်တိုက်ခန်းတွေစုပြုံနေရမှာရှိသည်လေ ။ဖြူ့ကိုနေပူလောင်မည်စိုး၍လမ်းထဲဝင်ရခက်လည်းကားနဲ့သာလာကြိုဖြစ်သညာ ။

တိမ်လွှာဖြူ တိမ္လႊာျဖဴWhere stories live. Discover now