35

4.4K 381 30
                                    

35;အထိခိုက်မခံနိုင်သော...

"သံစဉ် မလား နင်"

"ခွန်နောင် ....? "

ဒါပေ့ါဆိုသည့်ပုံစံနဲ့လက်နှစ်ဖက်ကို
မြောက်ကာပြုံးပြတဲ့သူ ။ ခွန်နောင်
ဆိုသည်မှာငယ်ငယ်တုန်းက ပိန်ပိန်
လေးနဲ့ဖြူဖြူဖျော့ဖျော့လေးမို့
အရိုးကောင်ဟုခေါ်ကြတဲ့ထိ ။

မြင့်မားသောအရပ်နဲ့လိုက်ဖက်စွာ
အခုတော့ခန္ဓာကိုယ်ကတောင့်တင်းလို့ ။

"လူတောင်မှားတယ် ကြည့်စမ်း"

သံစဉ်အပြောအပြီး သူကလက်ကို
မြောက်ကာဗလပြတဲ့ပုံစံလုပ်လိုက်
သေး၏ ။

"နင်လည်းလှလာတယ် အများကြီး"

ထိုစဉ် သူမတို့နားကို အသားညိုညိုနဲ့
ဒီနိုင်ငံသားဖြစ်ဟန်မတူသော အမျိုးသမီးတစ်ယောက် ရောက်လာပြီး သူ့လက်မောင်းကိုခိုတွဲလိုက်သည်။

"သံစဉ် ဒါငါ့gf"

မိတ်ဆက်ပေးတော့လည်းဖော်ရွေစွာသူမပါးကိုတချက်နမ်းသေးသည်
သူတို့ဆီကဓလေ့ဖြစ်မည် ။

"သူ့ခန္ဓာကိုယ်ကလည်း
တကယ်မိုက်တယ် နင်နဲ့လိုက်တယ်"

ခွန်နောင့်နားခပ်တိုးတိုးကပ်ပြီး
ချီးကျူးမိသည် တကယ်လည်း
မိုက်သည် ။

"င့ါgym trainerဟ သူက
နင့်တိမ်လုံးလေးလို သေးသေး
ကွေးကွေးလေးတော့ မဟုတ်ဘူးပေါ့"

"တိမ်လုံးလေးတဲ့လား...."

ခွန်နောင့်စကားကိုသံယောင်လိုက်ပြီး
ပြုံးမိသည် မတွေ့တာကြာတဲ့
သူငယ်ချင်းတွေကတောင် မှတ်မိ
နေသေးတယ် သူမဘယ်လောက်ထိ
အဖြစ်သည်းပြခဲ့ပါလိမ့် ။

"အေးလေ နင်ကျောင်းတုန်းက
အထိမခံတဲ့ဟိုတစ်ယောက်လေ
သူကော အဆက်သွယ်ရှိလား
အခုကောနင်နဲ့ပဲလား လာတာလည်း
မတွေ့ဘူးနော်  "

"အင်း အိမ်မှာ သူကဒီလိုပွဲတွေ
မကြိုက်လို့"

"အိမ်မှာ‌တဲ့ သံစဉ်တို့ကတော့
တကယ်မိုက်တယ် ငယ်ငယ်ကတည်းက ကာကွယ်ပေးမယ်
တကဲကဲနဲ့ အ့လောက်ထိစောက်ရှောက်
ပေးရကျိူးနပ်ပါတယ် အပိုင်ရထားပြီပေါ့ အခု"

တိမ်လွှာဖြူ တိမ္လႊာျဖဴWhere stories live. Discover now