32

6K 551 43
                                    

32;စိတ်ရိုင်း

"သံစဥ် ဖြည်းဖြည်း...!"

စိုးရိမ်တကြီးပြောသံနဲ့အတူ ခါးနားက အင်္ကျီစကို ခပ်တင်းတင်ဆုပ်ကိုင်
လာသောဖြူကြောင့် ဆိုင်ကယ်အရှိန်ကို အနည်းငယ်လျှော့လိုက်သည် ။တောင်တက်လမ်းဖြစ်တာကြောင့် အနှေးလွန်သွားလျှင်လည်း နောက်ပြန်လှိမ့်ကာ နောက်ဘ၀ကူးသွားနိုင်သည်လေ ။ မန္တလေးနှင့် ပြင်ဦးလွင်ဆက်သွယ်ထားသော
တောင်တက်အကွေ့လမ်းများတွင် ဖြူကမူးလာဟန်တူပါသည်...သူမကျောပြင်ဆီခေါင်းအပ်ကာ မှီတွဲလာလေရဲ့ ။

"မူးလို့လား ဟင် ?"

"နည်းနည်း ငြီးစီစီကြီး ဖြစ်လာလို့"

"အင်း မအိပ်နဲ့နော် ပြုတ်ကျသွားမယ်"

"ဆိုင်ကယ်ပေါ်မှာ အိပ်ပျော်ရအောင်
ငါက ကလေးမှ မဟုတ်တော့တာ
သံစဥ်ရယ် "

ငါ့စိတ်ထဲမှာတော့ နင်ကအခုထိ
ကလေး သေးသေးလေးပါပဲ ဖြူရယ် ...

"အေးပါကွာ "

ဆယ်ကျော်သက်ဘ၀ကိုပင်ကျော်လွန်၍ အသက်နှစ်ဆယ်ပင်ပြည့်ပြီးဖြစ်သော လူတစ်ယောက်ကို အရာရာတိုင်းမှာ လိုက်ပြီးစိတ်ပူနေတာက သိပ်တော့ သဘာ၀မကျဘူးဆိုတာကို သူမလည်း သိပါတယ်...

သိပေမဲ့လည်း......
စိုးရိမ်စိတ်ဆိုတာမျိုးက ထိန်းချုပ်လို့ရတာမျိုးမဟုတ်ဘူးနဲ့တူပါရဲ့ ....

~*it's the loveshot na...nananananana*~

"အာ....ဖုန်းလာတယ် "

ဖုန်းသံကြားတာနဲ့လက်တစ်ဖက်ကို
လွှတ်လိုက်ပြီး ဖုန်းဖြေဖို့လုပ်လိုက်ပေမဲ့

"ဆိုင်ကယ်ပဲ....သေချာမောင်း "

ဖြူက ထိုသို့ပြောအပြီး ဖုန်းရှိရာအိပ်ကပ်ဆီကို လက်လှမ်းလာသည် ။ ၀တ်ထားသည်က အကျပ်ဖြစ်တာမို့ ဖြူ့ရဲ့ လက်ချောင်းသေးသေးလေးတို့ကသူမပေါင်တံပေါ် ဟ်ိုဒီယှက်ပြေးချိန်တစ်စုံတစ်ရာ ခံစားချက်က
လည်ချောင်း၀ထိ ခြောက်ကပ်ကာ လှိုက်တတ်လာသည်။

တိမ်လွှာဖြူ တိမ္လႊာျဖဴWhere stories live. Discover now