24

5.1K 471 56
                                    

24;နင့်

လေယာဥ်ကွင်းလိုနေရာမျိုးမှာ မပြီးနိုင်မစီးနိုင် အလွမ်းသယ်နေသောဝေယံနဲ့ကယ်ဗင်တို့ အတွဲကို ကြည့်ရင်းစိတ်ပျက်လက်ပျက််‌ခေါင်းရမ်းမိ၏ ။

တခြားသူငယ်ချင်းတွေက သွားနှင့်ပြီ ။သံစဥ်ကသာဝေယံနဲ့တူတူ ထိုင်ရမည်ဖြစ်၍ စောင့်နေခဲ့သည်ကို အနည်းငယ်တောင် နောင်တရချင်သွားသည် ။

လေယာဥ်ပေါ်တတ်ရန်သတိပေးသံ ထပ်၍ထွက်ပေါ်လာတော့ဝေယံကိုခေါ်ကာ သွားဖို့လုပ်ရသည် ။

"ထံဇင်း..... တိုင်း....သား "

'သံစဥ် တာ့တာ' ဟူသော မြန်မာစကားကို ခက်ခက်ခဲခဲပြောလာသော ကယ်ဗင်ကြောင့် တစ်ချက်ရယ်မိသေး၏ ။ သံစဥ့်ကိုနှုတ်ဆက်အပြီး ဝေယံကို လျင်လျင်မြန်မြန် အနမ်းတချက်ပေးလိုက်တဲ့ ကယ်ဗင့်
ကြောင့် မျက်နှာလွဲလိုက်မိသည် ။

သူမတို့နိုင်ငံနဲ့ကွာခြားသည်က ဒီကလူတွေအတွက် ယောကျ်ားလေး
နှစ်ယောက် လူမြင်ကွင်းမှာ နမ်းနေသည်ကထူးဆန်းဟန်မတူခြင်းပင် ။

"ငါကြာသွားလား ဆောရီး ဟီး..
ကယ်ဗင်က ...."

"ငါသိပါတယ်ဟယ် "

"အင်း သွားမယ် ။အိမ်ပြန်ကြမယ်"

ကယ်ဗင်ဆိုသည်မှာဝေယံ၏ ရည်းစား။ဒီကမ်းခြေကိုလာသည့်ရက်ပိုင်းအတွင်းရသွားသောရည်းစားအသစ်စက်စက်လေးဖြစ်သည်။

အင်းဝေယံတို့စွံချက်ကတော့လေ ။
လေယာဥ်ကကောင်းကင်ပေါ်သို့စတင် ပျံတတ်ချိန်တွင်ပျို့တတ်လာ၍ ရင်ဘတ်ကို ဖွဖွပုတ်ရသေး၏ ။တိမ်တွေထဲထိ ရောက်မှအဆင်ပြေသွား၏ ။

မှန်ခြားထားသည့်ပြတင်းပေါက်အပြင်ဘက်က တိမ်စိုင်တွေကိုငေးရင်း တိမ်လွှာဖြူ ဆိုသောအမည်နာမက စိတ်ထဲတစ်စစတိုး၀င်လာသည်။

တွေးမိသည်နှင့် ချက်ချင်းကြီးတဒုတ်ဒုတ်ထခုန်လာသော နှလုံးသားကို အပြစ်တင်မိ
သေးသည်။ ရက်ပိုင်းလောက်မတွေ့ရတဲ့လူတစ်ယောက်က်ို ပြန်တွေ့ဖို့ပဲကိုအဲ့လောက်ထိ အကဲပိုစရာလိုလို့လား...?

တိမ်လွှာဖြူ တိမ္လႊာျဖဴWhere stories live. Discover now