26

5.2K 485 47
                                    

26;နီးနီးကပ်ကပ်

အိပ်ရာဘေးက လေးထောင့်ပုံစားပွဲပေါ်တွင် ကောင်မလေးနှစ်ယောက်ပုံပါသော အဖြူရောင် ဓာတ်ပုံစတန်းလေးကိုထောင်လိုက်ကာ တနေ့ကုန်အလုပ်ရှုပ်နေခြင်းကိုအပြီးသတ်၏ ။

မောပန်းလှ၍ ခဏမျှကုတင်ပေါ်လှဲမည်ကြံသော်လည်း အသစ်စက်စက် အိပ်ယာခင်းဖြူဖြူက မထိတွေ့ရက်စရာမို့ ပါကေးကြမ်းပြင်ပေါ်တွင်ပင် ခြေကားယားလက်ကားယား လှဲချလိုက်သည် ။

မျက်၀န်းတို့ကိုမှိတ်၍ airconဆီမှအအေးဓာတ်ကို စိတ်ကြိုက်ခံစားပစ်လိုက်တော့ ချွေးတဒီးဒီးကျနေခဲ့သော ခန္ဓာကိုယ်က ခဏအတွင်း အေးလာခဲ့သည် ။

အား....အေးသွားတာပဲ
နေလို့ကောင်းလိုက်တာ .....။

သူမနှုတ်ခမ်းတွေက ပြုံးနေခဲ့သည် ။ကြုံတွေ့နေရသည်များကိုခဏမေ့ကာ ပစ္စုပန်ဆီက လေအေးအေးကိုသာခံစားနေခြင်းကလည်း ဒီလိုမျိုးအေးချမ်းမှုကိုပေးနိုင်တာပဲလား ။
ဘ၀ကြီးကသိပ်လည်းမဆိုးပါဘူး ။

ထိုဆိတ်ငြိမ်အေးချမ်းမှုသည် ကြာကြာတော့ မခံလိုက် ။တစ်ချက်အိပ်ပျော်တော့မလိုဖြစ်သွားချိန်တွင် ဆက်ကနဲ့ထထိုင်တော့ ခေါင်းထဲက မိုက်ကနဲ့ ။အိပ်ရေးပျက်ခဲ့သည်က
တစ်ည နှစ်ညမှ မဟုတ်ပဲလေ ။

အကြောချဥ်တို့ပြေလျော့အောင် စိတ်နဲ့ မျက်၀န်းတို့ကို တင်းတင်းမှိတ်ကာပြန်ဖွင့်ခြင်းတို့ကို ဘယ်နှကြိမ်မှန်းမသိလုပ်ပြီးချိန်တွင်မူး‌ဝေခြင်းတို့ကအနည်းငယ်လျော့သွားရဲ့ ။

လက်မှာပတ်ထားတဲ့နာရီကိုတစ်ချက်ကြည့်ပြီးကြမ်းပြင်ပေါ်က ကုန်ရုန်းထလိုက်သည် ။ဖြူ့ဆီသွားရဦးမည်လေ ။

အခန်းအပြင်မသွားခင် အထဲကိုတစ်ချက် လည်ပြန်ကြည့်ပြီး ပြုံးလိုက်သည် ။အိပ်ယာခင်းမီးအိမ် နှင့် လေအလာတွင် တငြိမ့်ငြိမ့်လွှင့်နေတဲ့ခန်းဆီးစတို့အပါအ၀င် ရေချိုးခန်းရှေ့ကခြေသုတ်ခုံအထိနေ့ချင်းညချင်းအဖြူရောင်တို့ လွှမ်းခြုံလာသောအခန်းလေးသဘောကျဖွယ် ။

တိမ်လွှာဖြူ တိမ္လႊာျဖဴWhere stories live. Discover now