34

7.6K 527 54
                                    

34;ခိုကိုးရာ

"ဒါတွေ ဒီ၀ိုင်းက
မမှာထားဘူးလေ အကို..."

"ဟုတ်ပါတယ် ဒီ၀ိုင်တွေက
ဒီမှာတည်းတဲ့လူတိုင်းကို
freeတိုက်တာပါ အခကြေးငွေ
ပေးစရာမလိုပါဘူး ခင်ဗျ ..."

ကျွစ်.....
ပုံမှန်အချိန်ဆိုရင်တော့ free wine
ဆိုတာမျိုးကို ထ က ,ပြီးတော့ပင်
၀မ်းသာမိမှာဖြစ်သော်လည်း
ယခုအခြေနေတွင်တော့ နည်းနည်း
မှပင်မပျော်နိုင် ရှေ့မှာထိုင်နေတဲ့
ဖြူ မျက်နှာက တဖြည်းဖြည်း နီတတ် လာနေပြီ  ။

၀ိုင်တွေလာချပေးသွားတဲ့ စားပွဲထိုးကို မဲချင်သော်လည်း သူကလည်း သူ့အလုပ်ကိုလုပ်တာပင်ဖြစ်နေသည်။

ဟူး....

"ဖြူ ရာ ......"

စိတ်ညစ်ညူးစွာပင် ခပ်လေးလေး
ပင်ပင်စွဲကာ တစ်ချက်ညည်းညူ မိတော့"ဖြူ ရာ ..." ဟူ၍ သူမအသံအတိုင်း တုပပြီး လိုက်ပြောလေရဲ့...။

ဖြူ့ရှေ့ကခုံမှာ စိတ်ပျက်လက်ပျက်
ခပ်လျှောလျှောထိုင်နေရင်းနဲ့ပင်
ထိုအပြုမူကြောင့် ဟက် ခနဲ့
တစ်ချက်ရယ်လိုက်မိသည် ။

"ဖြူ ရယ် တစ်ခါမှလည်း သောက်ဖူးတာ မဟုတ်ပဲနဲ့ ဘာလို့သောက်တာလဲ ပြီးတော့ အဲ့လိုကြီးအကုန်လုံးကို တစ်ခါတည်း မော့ချစရာလား...."

လေသံပျော့ပျော့နဲ့ပင်ပြစ်တင်စကား
ဆိုမိတော့ ဖြူကသူမကို မျက်စိလှန်ပြီး ကြည့်လာလေရဲ့ .....

ဟော မသိရင် ဒီလူကပဲ
အပြစ်၁ခုခုကျူးလွန်ထားသလိုမျိုး...

ဖြူက သူမရှေ့က အကင်ပန်းကန်ကို
လက်ညိုးနဲ့ထိုးပြသည်...လက်က
မငြိမ်တာကြောင့် ပန်းကန်ကိုပဲ
ထိုးပြသလိုလို စားပွဲက်ိုပဲ ထိုးပြ
နေတာလိုလ်ို ဖြစ်နေသည် ။

"အဲ့တာတွေလေ ...."

"အော် အကင်တွေက ပါးစပ်တွေ
ပေါ်လာပြီးတော့ နင့်ကို သောက်ပါ
သောက်ပါ ဆိုပြီးပြောတာလား "

ခပ်ရွတ်ရွတ်ပြောမိတော့ ဖြူက
တခိခိနဲ့ထရယ်လေရဲ့....

တိမ်လွှာဖြူ တိမ္လႊာျဖဴOnde as histórias ganham vida. Descobre agora