05

6.4K 540 13
                                    

5;ရင်းနီးမှုပြပုဒ်

သံစဥ် နဲ့ အဖြူရောင်

အိမ်ချင်းကပ်ရပ်နေထိုင်သည် ။
ကျောင်းတူတူသွားသည် တူတူပြန်သည်။

စာသင်ခန်းထဲတွင် တူတူထိုင်သည် ။
နေ့လည်စာ တူတူစားသည်။

ကျောင်းတွင်လည်း လူတွေက သံစဥ်နဲ့အဖြူရောင်ကို တတွဲတွဲ နေတဲ့
သူငယ်ချင်းတွေအဖြစ် သတ်မှတ်ထားကြသည် ။

သံစဥ် ကျောင်းမလာသောနေ့တွင်
ဆရာမသည် ဖြူ့ ကို သံစဥ်ကျောင်းမလာသည့် အကြောင်းရင်းကိုမေးတတ်၍ ။ဖြူ ကျောင်းပျက်သောအခါ သံစဥ်တစ်ယောက် ခွင့်တိုင်ပေးတတ်ခဲ့ပြီ။

မနက် ကျောင်းသွားချိန်ရောက်လျှင်
သံစဥ် လာမခေါ်မချင်း ဧည့်ခန်းထဲတွင် ငြိမ်ငြိမ်ကုတ်ကုတ်လေးထိုင်၍
ကျောင်းသွားဖို့အကုန်ပြင်ဆင်ကာ
ဖြူက စောင့်နေတတ်ခဲ့ပြီဖြစ်သလို ...

သံစဥ်သည်လည်း မပျက်မကွက်နေ့တိုင်း ကျောင်းသွားဖို့ ဖြူ့ကို၀င်ခေါ်တတ်ခဲ့ပြီ ။

အိမ်ကနေကျောင်းကိုသွားသည့်လမ်းတွင် တ၀ီ၀ီမောင်းနေသော ကားတွေနဲ့ ဆိုင်ကယ်တွေကြောင့် အဖြူရောင်တစ်ယောက်
အနာတရ ဖြစ်မည်စိုး၍

လမ်းအတွင်းဘက်တွင်ထားကာလမ်းလျှောက်တတ်သော အလေ့အကျင့်တစ်ခုက သံစဥ့်ဆီတွင်
တိုးလာခဲ့သည်  ။

ဗလာစာအုပ်ပေါ်တွင် ရေးထားတတ်သော "တိမ်လွှာဖြူ "ဆိုသည့် လက်ရေးခပ်သော့သော့ လေးတွေကြောင့် ထိုကလေး၏ ကျောင်းနာမည် သည် "တိမ်လွှာဖြူ "ဖြစ်၍
"အဖြူရောင်"ဆိုသည်မှာ အိမ်နာမည်ဖြစ်ကြောင်းလည်း သိခဲ့ရပြီ။

တစ်ချိန်လုံးဘေးကနေ အရိပ်တကြည့်ကြည့် ရှိတတ်ခဲ့ပြီး စာရေးတိုင်း အမှားများတတ်သူအတွက် ခဲဖျက် နဲ့ ကော်ရက်ရှင်ပန်အထိတောင် ဆောင်ထားတတ်ခဲ့ပြီ ။

ထိုသို့သော ရင်းနီးခြင်းတွေနဲ့သူမတို့နှစ်ယောက် ရဲ့ ဆက်ဆံရေးသည် တပါးသူတို့၏ ရင်းနီးခြင်းများနဲ့တော့ ကွဲပြားခဲ့သည် ။

တိမ်လွှာဖြူ တိမ္လႊာျဖဴUnde poveștirile trăiesc. Descoperă acum