43

3.7K 358 17
                                    

43;အရာရာ

"အဲ့တုန်းကလေ ငါ့ကြောင့် နင့်လွယ်အိတ်ထဲကစာအုပ်တွေအကုန်
ရေစိမ်သလိုဖြစ်သွားတာလေ"

"ဟား ဟုတ်တယ် အဲ့ဒါတော့
မှတ်မိတယ် ။ ငါ့မှာတိုင်တွေပတ်
လိုက်တာဟာ ။"

"နင်ငါ့ကိုစိတ်ကောက်တယ်လေ
တစ်ပတ်လောက်စကားမပြောဘူး
မလားနင်"

"အဲ့လောက်ထိတောင်လားဟာ
ငါက ကလေးကလား"

လည်ပင်းကိုလက်နဲ့ပွတ်၍ ရှက်နေတဲ့ပုံပေါ်သည့် သံစဉ်က တစ်သက်လုံးထွေးပွေ့ထားချင်လောက်အောင်
ချစ်ဖို့ကောင်းနေသည်ဆိုလျှင် သူမ နည်းနည်းတော့လွန်တယ်မလား။

"အဲ့တုန်းက တကယ်လည်း
ကလေးပဲရှိသေးတာကို"

"အဲ့တာတော့အဲ့တာပေါ့"

"ပြီးတော့ဟိုဆရာမလေ နည်းနည်း
မြန်မာစကားသိပ်မတတ်ဘူးလေ
တိုင်းရင်းသားလိုမျိုးလေ နာမည်
ကလည်းနည်းနည်းဆန်းတယ်လေ"

"အာ ဟုတ်တာပေါ့ အဲ့ဆရာမ
အသေစာသင်တာနော် ။နာမည်က
မသိဘူး‌ ဒေါ်ကြိမ် ဘာဆိုလား။
ငါတို့တွေ အနောက်မှာမုန့်ခိုးစားရင်းနဲ့မိ သေးတယ်လေ ဇီးပေါင်းတွေလား အရသာလည်းမရှိပဲနဲ့ ။ "

"ပြီးတော့ ဆေးလိပ်လိုပုံစံတွေ
အထဲမှာအမှုန့်တွေထည့်လိပ်ထားတာတွေလေ အတည်ပေါက်ကြီးနဲ့
လက်ကြားထဲညှပ်ပြီး ဟား အသေ
ပေါက်ကရတွေလုပ်ခဲ့တာ "

"ကျောင်းဆောင်တွေမပြင်ခင်တုန်း
ကလေ အနောက်မှာထရံအပေါက်
ရှိတယ်လေ မှတ်မိလား ဝေယံ ဆို
အဲ့အပေါက်ကနေခုန်ခုန်ကျော်ပြီး
မုန့်ဈေးတန်းခိုးသွားတာလေ ခဏ
ခဏ ထိုင်ထလုပ်ရလည်း မမှတ်ဘူး လုံး၀ သူကညနေနှစ်နာရီလောက်ဆို
လစ်တာပဲ "

ရယ်မောကာတတွတ်တွတ်ပြောနေရင်းသံစဥ့်ကို လက်ကာပြပြီး ဗိုက်ကိုနှိပ်ကာအသောမတတ်နိုင်အောင်
ရယ် နေမိသည်။ ဗိုက်တွေလည်းနာ၍ ချွေးတွေထွက်ကာမျက်နှာတွေလည်း နီရဲတတ်လာနေသည်။

"ပြီးတော့ အဲ့အချိန်တွေတုန်းက
ဝေယံက မုန့်ကိုသူ‌တစ်ယောက်တည်း သွား၀ယ်တာ
မဟုတ်ဘူးနော် ပေါ့သေးသေးမှတ်လို့ ဘီ ခန်းထဲကကောင်လေးနဲ့ သူက"

တိမ်လွှာဖြူ တိမ္လႊာျဖဴWhere stories live. Discover now