57

3.8K 381 22
                                    

57;ဆုံးဖြတ်ချက်

"ဖြူ ဆေးသောက်ထားတာ
ခံတွင်းခါးနေလား အသီးဖျော်ရည်ဖြစ်ဖြစ် သောက်မလား ။
တစ်ခုခု စားချင်လား
ငါဘာ‌လုပ်ပေးရမလဲ?"

အကဲပိုရန်ကောဆိုသည့်ပုံစံနဲ့ ဖြူကသံစဉ့်ကိုပြုံးပြီးကြည့်သည်။ ထို့နောက်လက်ထဲကစာအုပ်ကိုချလိုက်ပြီး သံစဉ်မျက်နှာကိုလက်ဖဝါးနှစ်ဖက်နဲ့အုပ်ကိုင်သည် ။

"နင်က‌တော့လေ အရမ်းပဲ ငါ့ကို
လူမမာလိုပဲဆက်ဆံနေတော့မှာလား"

"မဟုတ်ပါဘူး ငါကဒီတိုင်း
တောင်းပန်ပါတယ် ။စိတ်အနှောက်အယှက်မဖြစ်နဲ့နော် ။ "

"ကြည့်ဦး လုပ်ပြန်ပြီ။ မဖြစ်ပါဘူး။
ဘာလို့အရမ်းသတိထားနေတာလဲ။
ငါအကုန်လုံးကောင်းနေတာပဲကို"

"ဒါပေမဲ့နင့်ကိုဂရုစိုက်ပေးရမှာက
ငါ့တာ၀န်ပဲလေ ဖြူရဲ့ ။မျက်နှာလွှဲ
ခဲပစ်မှမလုပ်နိုင်တာ။ "

"သိပါတယ် ။ဒါပေမဲ့လည်း နင်
မမောဘူးလား ငါ့နားမှာနေ
တကောက်ကောက်လိုက်နေတာ။
ပုံမှန်အတိုင်းကိုယ့်ဘာကို ဖုန်းကြည့် တာပဲဖြစ်ဖြစ် ဂိမ်းဆော့တာပဲဖြစ်ဖြစ် တစ်ခုခုလုပ်နေပေါ့ ။"

သံစဉ်ကတစ်ချက်အသံထွက်အောင်ရယ်လိုက်ပြီး သူမရဲ့မျက်နှာမှာအုပ်ကိုင်ထားတဲ့ဖြူ့ရဲ့လက်ဖဝါးနှစ်ဖက်ကို လက်နဲ့ယူပြီးစုကိုင်လိုက်သည်။
မျက်၀န်းတွေထဲစိုက်ကြည့်သည် ။။

"မမောပါဘူး ဖြူရဲ့ ။
ငါကဖြစ်နိုင်ရင်လေ ....။"

အလွန်နီးကပ်နေတဲ့မျက်နှာနှစ်ခုနဲ့
သံစဉ့်ရဲ့အကြည့်စူးစူးတွေကြား နေရခက်လာပုံရတဲ့ ဖြူကနားရွက်ဖျားလေးတွေရဲလာသည် ။

"ငါ....စာအုပ်သွား
ဖတ်လိုက်ဦးမယ်။ "

ထဖို့ပြင်တဲ့ဖြူ့ကိုလွတ်မပေးတဲ့ သံစဉ်ကလက်ကောက်၀တ်တွေကို ပိုလို့တင်းတင်းကျပ်ကျပ်ကိုင်ထားပြီး
မျက်နှာကိုလည်းအနီးနားအထိ တိုးကပ်ကြည့်လိုက်သည်။ 

"ဖြစ်နိုင်ရင် နင်အိမ်သာထဲသွားတာတောင် လိုက်ဦးမလို့ ငါက ။"

ပြောပြီးပြီးချင်းတဟားဟားထရယ်တဲ့သံစဉ်နဲ့ 'ဘာလဲဟာ'ဟုဆိုရင်း
သံစဉ့်ကိုတအုန်းအုန်းထုနေတဲ့ဖြူက
ကြမ်းပြင်ပေါ်မှာလှဲချရင်းအတန်ကြာရယ်မောနေခဲ့ကြပါသည်။ ရယ်မောပြီးသွားသည့်အခါမှာတောင်သူတို့နှစ်ယောက်က မျက်နှာကျက်ကိုကြည့်ရင်း ပြုံးယောင်သမ်းနေတဲ့မျက်၀န်းတွေနဲ့
ငြိမ်ငြိမ်လေးလှဲနေခဲ့သည်  ။

တိမ်လွှာဖြူ တိမ္လႊာျဖဴWhere stories live. Discover now