04

7K 556 11
                                    

4;မင်းအတွက်....

ကျောင်းစစချင်းဖွင့်နေ့မို့ သံစဥ်တတ်ကြွနေသည်။ကျောင်းပိတ်ရက်မှာ ဂိမ်းဆော့လိုက် အစား စားလိုက် အိပ်လိုက် နဲ့အပျင်းထူနေရသည်ကိုလည်းငြီးငွေ့လှပြီ ။

ကျောင်း၁ပတ် ၂ပတ် တတ်ပြီးသွားလျှင်ကျောင်းပိတ်ရက်များသည် ရွှေလိုတန်ဖိုးရှိလာမည်ဖြစ်သော်လည်း အခုလောလောဆယ်တော့ ကျောင်းတတ်ချင်တာပဲသိသည်။

ကျောင်းကိုလိုက်ကာ အခန်းရှာပေးသော မေမေရဲ့ ရှည်လျားလှသော မှာတမ်းခြွေစကားတွေ အပြီးမှာတော့ သံစဥ်ကို ကျောင်းမှာထားကာ
မေမေကပြန်သွားခဲ့လေပြီ ။

မေမေပြန်သွားတာသေချာတာနဲ့ သံစဉ်လည်းချက်ချင်းဆိုသလိုမေမေ အတင်းကျပ်ထိုင်ခိုင်းထားသည့်အရှေ့ဆုံးခုံကို ထားခဲ့ကာ ၄ခုံမြောက်နေရာရဲ့ အစွန်ဆုံးမှာနေရာယူလိုက်သည်။ သူမနဲ့တူတူထိုင်နေကြဖြစ်‌တဲ့ သဇင်ကတော့အခုထိရောက်မလာသေး ။

မိဘတွေက ဘာလို့အရှေ့ဆုံးခုံမှာ ထိုင်စေချင်ကြလဲမသိ ထိုနေရာက မုန်းဖို့ကောင်းတာကို ။သံစဥ်နေရာကအမြဲတမ်း သုံးခုံမြောက် သို့မဟုတ် လေးခုံမြောက် အစွန်ဆုံးမှာသာရှိတတ်သည် ။အလယ်မှာထိုင်၍ လူတွေကြားမှာညှပ်နေရသည်ကိုလည်း မုန်းသောကြောင့်
အမြဲလိုလို ဘေးအစွန်ဆုံးကိုသာရွေးထိုင်သည်။

သံစဥ်ကိုယ့်နေရာကိုယ်စိတ်တိုင်းကျနေဆဲမှာပဲ အခန်းထဲကို ရောက်လာတဲ့ ကျောင်းသူလေး တစ်ယောက်ကြောင့် ရုတ်တရက်ကြီး ကြောင်သွားသည်။

အ  ဖြူ    ရောင် ?

ထိုကောင်မလေးသည်လည်း
သူမကိုမျက်လုံး၀ိုင်း၀ိုင်း လေးတွေနဲ့
ငေးကြည့်နေပေမဲ့ သူမပြန်ကြည့်လိုက်တော့ အလိုအလျောက် ပြန်ပြီးခေါင်းလေးငုံ့သွားသည် ။

"အော် သမီးလည်း ဒီအခန်းမှာလား?"

အဖြူ့ရောင့်ဘေးတွင် သူ့မေမေနဲ့အတူ ဆရာမ တစ်ယောက်လည်း ပါလေသည် ။

"ဟ-ဟုတ်တယ် အန်တီ .."

"အဲ့တာဆို သမီးလေးနဲ့တစ်ခန်းတည်းပေါ့"

တိမ်လွှာဖြူ တိမ္လႊာျဖဴWhere stories live. Discover now