51

4K 372 14
                                    

51; သီးသန့်ကမ္ဘာ

ခြံတံခါးကိုဖွင့်ပြီး ကားဘီးကိုတစ်လိမ့်ခြင်းလိမ့်၀င်ရင်း သူမတို့ နှစ်ယောက်လုံးပတ်၀န်းကျင်အသစ်ကို အပြည့်အ၀ စူးစမ်းနေမိကြသည် ။

အစိမ်းနုရောင်သုတ်ထားတဲ့ နှစ်ထပ်တိုက်လေးရဲ့အောက်ကို ကား၀င်ပြီး ရပ်ကာဆင်းလိုက်ကြသည်။နှစ်ထပ်တိုက်သာပြောရသော်လည်း တိုက်အနေထားကအပေါ်တစ်ထပ်သာ လူနေလို့ရသည်က တိုက်ခန်းတစ်ခန်းနဲ့ပင်တူနေသည်။အဘယ်ကြောင့်ဆိုသော်အောက်ထပ်မှာ ကားထားဖို့ သီးသန့်ဂို‌ထောင် သဘောမျိုးသာ တည်ဆောက်ထားသောကြောင့် ဖြစ်သည် ။

"ဖြူ ခဏနော် ငါခြံတံခါး
သွားပိတ်လိုက်ဦးမယ် "

ဖြူကပြုံးပြီး ခေါင်းတဆတ်ဆတ်ငြိမ့်ပြတော့သံစဉ်က လာရာလမ်း အတိုင်းခြံတံခါးဆီပြေးသွားသည် ။

ဖြူကဟိုဒီကြည့်ရင်းနဲ့ အပြင်ဘက်ကနေ တတ်လို့ရအောင် လုပ်ထားသော လှေကားကတဆင့် အပေါ်ထပ်၀ရံတာကိုတက်သွားသည် ။

"ဖြူကလည်း ငါ့ကိုတောင်
မစောင့်ဘူး "

မောဟိုက်နေတဲ့အသံနဲ့အသက်ကို လုရှူပြီးပြောတဲ့ သံစဉ့်ရဲ့နဖူးပေါ်က ချွေးစက်တချို့ကို ဖြူက သုတ်ပေးရင်း ....

"ဖြည်းဖြည်းတက်လာပေါ့
ငါထွက်မပြေးပါဘူး "

သံစဉ်က ဘောင်းဘီအိတ်ကပ်ထဲက သော့တွဲလေးကို ထုတ်ကိုင်ပြီး ဖြူ့မျက်နှာရှေ့မှာ ‌လှုပ်ယမ်းကာ ...

"နင့်မှာသော့မှ မရှိတာ အိမ်ထဲ၀င်လို့ မရရင် နေပူနေမှာစိုးလို့ "

သော့ခလောက်ကိုကိုင်ရင်း သော့တံ တစ်ခုပြီးတစ်ခုနဲ့ စမ်း‌ထိုးဖွင့်ရင်း
ပြောလာတဲ့ သံစဉ့်ရဲ့အသံက အခုထိ မောဟိုက်နေပုံပါပဲ ။

ဆောက်လုပ်ပြီးစအဆောက်အုံ
ဖြစ်တာကြောင့် တံခါးဖွင့်ဖွင့်လိုက်ခြင်း အိမ်သုပ်ဆေးနံ့က လေထဲမှာနည်းနည်းတော့ပါ၀င်နေသည် ။
သူမတို့နှစ်ယောက်က အချိန်ဆွဲ မနေပဲ ထောင့်မှာထောင်ထားတဲ့ တံမြတ်စည်း တချို့ကို ယူပြီး လှည်းကျင်း တော့သည် ။ နှစ်ယောက်တည်း
နေရမည့်အိမ်မှာ အစကနေ အဆုံးထိ
ကိုယ့်ခြေကိုယ့်လက်ပဲဖြစ်စေချင်ခဲ့သည်။

တိမ်လွှာဖြူ တိမ္လႊာျဖဴWhere stories live. Discover now