07

6.2K 496 14
                                    

7;သောက‌ဝေးစေ

"ဖြူ နင်ဖြေန်ိုင်လား.."

"အင်း ရသမျှတော့ အကုန်ချရေးခဲ့တာပဲ နင်ရော"

"ငါက အောင်တယ် ဟား...ဟား "

"အေးပါ "

"ဖြူ နင်ဘာဖြစ်နေတာလဲ "

"ငါ...."

"အင်း ..?"

"ငါ..ဘာမှမဖြစ်ပါဘူး "

"နင်ကလည်း ဘာမှသာမဖြစ်တာ ရုပ်ကြီးက"

"ဒီတိုင်း"

"ဒီတိုင်း ဘာဖြစ်တာလဲ"

"ငါမနေ့ညက ကျောင်းပိတ်တော့မှာတွေးပြီး ပျော်နေလို့.."

ဒီနေ့သည်စာမေးပွဲနောက်ဆုံးနေ့ဖြစ်သည် ။ မနက်ဖြန်ဆိုလျှင်နွေရာသီကျောင်းပိတ်ရက်စပြီပဲ။ ကျောင်းပြန်ဖွင့်လျှင် သံစဉ်တို့နှစ်ယောက်လုံး ကိုးတန်းရောက်ပြီ ။

"အဲ့လိုအရမ်းပျော်တော့ ..."

"အေးလို့ ပျော်တာဘာဖြစ်လို့လဲ
ငါလည်းပျော်တာပဲလေ သူများတွေလည်း ပျော်နေမှာပဲကို "

"မနေ့ညက အရမ်းပျော်နေလို့ အဲ့တာမကောင်းဘူး ။"

"ဘာဆိုင်လို့လဲကြည့်ဦး ။ငါလည်း အရမ်းပျော်တာပဲ စာတောင်
မကြည့်နိုင်ဘူး ကျောင်းပိတ်မဲ့အကြောင်းပဲ တွေးနေတာ.."

"ငါကအရမ်းပျော်ရင် မကောင်းဘူး ။ပြီးရင်းစိတ်ညစ်ရတော့မှာ "

"နင်ကလည်း ဘာမှဖြစ်လာမှာမဟုတ်ပါဘူး"

"မသိဘူးဟာ စိတ်ထဲလေးနေတယ်"

"ကဲပါ အိမ်ပြန်ရအောင် ငါမေမေ့က
ညနေကျရင် နင်ကြိုက်တဲ့ ငှက်ပျောသီးကိတ်လုပ်ကြွေးမယ်တဲ့ အဲ့ဒါ ရရင် ငါလာခေါ်မယ်
ငါ့အိမ်လိုက်ပြီး စားလိုက်ရင် နင်စိတ်လေးတာတွေ ဘာတွေပျောက်သွားမှာ"

"အင်းပါ "

အိမ်ပြန်လမ်းတစ်လျှောက်လုံး တစ်ခုခုက်ိုအလိုမကျစွာစိုးထိတ်နေသည့်
အဖြုရောင့်ကိုမြင်နေရသော သံစဥ်
စိတ်မချမ်းသာ.

တိမ်လွှာဖြူ တိမ္လႊာျဖဴWhere stories live. Discover now