54

3.5K 394 26
                                    

54; ချစ်ခြင်းမေတ္တာ

"အရမ်းဖော်ရွှေနေတာပဲနော်
ကိုယ့်အိမ်လာတဲ့ ဧည့်သည်ကို ။ "

သိပ်ပြီးကြိုဆိုချင်တဲ့မရတဲ့ သံစဉ့်
မျက်နှာကြောင့် ရွဲ့ပြီးပြောလို‌က်တော့ သူ့ကို မျက်ခုံးပင့်ပြီးကြည့်သည်။ 

"သိရင်လည်း လာနေသေးတယ်"

"ကျေးဇူးပဲ ရင်၀ကို စောင့်ကန်သလို စကားတွေချည်းပြောပြီး ကြိုဆိုပေးလို့ ။"

သံစဉ်ကရယ်ရင်းနဲ့ ခေါင်းကိုသာ
ရမ်းသည် ။

"‌ပြောပါဦး ကိုဝေယံ
ရောက်လာရ‌တဲ့အကြောင်းလေး"

"မတွေ့တာဘယ်လောက်တောင်
ကြာပြီလဲ မင်းကိုလွမ်း‌လို့ပေါ့
ငါ့ကောင်ရဲ့ ။"

ပြောပြီး လည်ပင်းကိုသိုင်းဖက်ညှစ်ပစ်လိုက်သည် ။သံစဉ်ကတော့
ရုန်းနေသော်လည်း ခဏနေမှ လွှတ်ပေးလိုက်သည် ။အကြာကြီး
မလွှတ်ပေးဘဲထားရင် ကိုင်ပေါက်
ခံရမှာလည်းကြောက်ရသည် ။

သံစဉ့်နောက်ကနေ အိမ်ထဲလိုက်၀င်လာရင်း အိမ်ကိုအကဲခတ်နေမိသလောက် အိမ်လေးက နေချင်စရာလေးပင် ။အိမ်ဆိုလျှင် အရမ်းမကြီးတာက ကောင်းတယ်ဟုထင်သည်။
တစ်ယောက်က တခြားတစ်ယောက်ရဲ့လက်တကမ်းမှာရှိနေတာက နွေးထွေးတယ်လေ ။

"အိမ်လေးက နေချင်စရာလေးပဲ
သေးသေးလေးနဲ့ ။ "

"နှစ်ယောက်တည်းနေမှာကို နင်တို့ အိမ်လိုမျိုး ရက်ကွက်တစ်ခုစာလောက်ဆောက်ရမှာလား ။ "

လူမှုရေးမသိတတ်တဲ့ကောင်ကတော့ တကယ်တွေ့တွေ့ချင်းဆောက်နဲ့ထွင်းနေတော့တာပါပဲ ။ဧည့်ခန်းထဲမှာ တိမ်လွှာဖြူကို တွေ့တော့ လှမ်းပြုံးပြလိုက်သည်။ရှိသမျှသွားတွေအကုန်ပေါ်အောင် အစွမ်းကုန်။ သို့သော် အဲ့တစ်ယောက်ကတော့
ပြုံးသည်ပင်မမည်သော နှုတ်ခမ်းတွန့်ရုံလေး လုပ်ပြပြီး အခန်းတစ်ခုထဲ ၀င်သွားသည် ။လူမှုရေးလည်း တစ်စက်မှမသိတဲ့ နှစ်ကောင်က လိုက်လည်းလိုက်ပါသည် ။

"ငါ့အိမ်မဟုတ်ပါဘူး အဖေ့အိမ်ပါ"

"အတူတူပါပဲ "

"အေး အဖေက သူ့မယားတွေ
အကုန်လုံးတစ်အိမ်ထဲဆံ့အောင်
အဲ့လိုဆောက်တာ ။ငါက ယောင်္ကျား တစ်ယောက်တည်းယူမှာ ။"

တိမ်လွှာဖြူ တိမ္လႊာျဖဴWhere stories live. Discover now