41

3.7K 354 19
                                    

41;အကွာအဝေး

မျက်နှာနားကိုခဏခဏလာထိနေသည်က အသည်းယားဖို့ကောင်း လှတာကြောင့်ထိန်းထားသည့်ကြားကပင် သူမ ရယ်လိုက်မိသည်။

"ဖြူ မလုပ်နဲ့ တကယ်
ငါအိပ်ချင်သေးတယ်"

မျက်လုံးတွေမှိတ်ထားရင်းပဲ အပြုံး
တချို့တဝက်နဲ့ပြောရင်း‌ လေးလံ
နေတဲ့မျက်ခွံတွေကိုအတင်းရုန်းကာ
ဖွင့်ဖို့ကြိုးစားမိသည် ။

အိပ်မှုန်စံမွှားနဲ့မျက်လုံးတွေကိုလက်ချောင်းတို့ဖြင့်ပွတ်သတ်ပြီးတော့ လောကကြီးနဲ့ပြန်၍အချိတ်အဆက် မိလာသည် ။

မျက်နှာပေါ်မှာယားအောင်လို့ ခဏခဏလာထိနေတဲ့ ခန်းစီးစ ကို
လက်နဲ့ဆွဲဖယ်ပြီး ရယ်လိုက်မိသည် ။

"ဟား ဘာလဲကွာ။
တကယ်ရှက်စရာကြီး။"

ခန္ဓာကိုယ်ကိုလိမ့်ကာအိပ်ယာပေါ်မှာ မှောက်လိုက်ပြီးအတန်ကြာရယ်မော နေမိက သဘောတကျ။လူကြီးရှက်တော့ရယ်ဆိုတာလည်းအမှန်ဖြစ်မည်။ အဲ့ဒီလောက်ထိတောင်
အကျင့်ဖြစ်နေခဲ့တာလား ။

ဖြူကဖြူ့ဖေဖေရဲ့မိသားစုနဲ့အတူ
အပန်းဖြေခရီးသွားလိုက်သည်မှာ
မနေ့ညနေကတည်းကဖြစ်သည်။
သူမလည်းမနေ့ညကပျင်းပျင်းနဲ့
လျှောက်သွားပြီး လှစ်ဟာနေတဲ့
အိပ်ယာပေါ်မှာ ကန့်လန့်ဖြတ်ပြီး
အိပ်မိတာမို့ ပြတင်းပေါက်က
ခန်းစည်းစက မျက်နှာနဲ့တည့်တည့်
ဖြစ်နေ၍ သူမကိုနိုးလာစေတာခြင်းဖြစ်သည် ။

ကန့်လန့်ဖြစ်နေတဲ့ ခန္ဓာကိုယ်ကို
တည့်အောင်ပြင်လှဲရင်း တပြိုင်နက်
ခေါင်းရင်းမှာတင်ထားတဲ့ဖုန်းကို
လှမ်းယူကြည့်မိသည်။ မနက်
ကိုးနာရီ နဲ့ ငါးမိနစ် ။အဲ့လောက်ထိ
တောင် အိပ်ပျော်သွားတာလား။

~ ဘယ်ရောက်နေပြီလဲ ~

~ မာတာ တွေနဲ့အချဉ်တွေ အရမ်း
မစားနဲ့နော် ခရီးသွားနေရင်း
ဗိုက်မကောင်းမှာစိုးလို့ ~

မက်ဆေ့တချို့ရိုက် ဖြူ့ဆီပို့ပြီး
အပျင်းကြီးကာအိပ်ရာကနေ မထပဲ
Facebookသုံးနေလိုက်သည်။
ဘာမှစိတ်၀င်စားစရာမရှိလည်း
အိပ်ရာကနေတော်တော်နဲ့မထဖြစ်ပါ။

တိမ်လွှာဖြူ တိမ္လႊာျဖဴWhere stories live. Discover now