22

5.2K 477 57
                                    

22;သံသယ

ထပ်ကာ ထပ်ကာ မည်နေသော ဖုန်းကို သံစဥ် ကောက်ကိုင်လိုက်သည်
မျက်နှာကတော့ ရှုံ့မဲ့လျက် ....

"ဘာဖြစ်ရပြန်တာတုန်း "

"လက်မှတ်သွား၀ယ်နေပြီ ငါအခုလမ်းမှာ "

ဆိုင်ကယ်ကားတို့ ဆူညံ့သံကြောင့်
ဖုန်းထဲကဝေယံ့သံက ခပ်ထစ်ထစ်နဲ့
ပြတ်တောင်းပြတ်တောင်း ဖြစ်နေသောလည်း အကြောင်းရာကိုမူ ရှင်းရှင်းလင်းလင်းကြားရသေး၏ ။

"အေး ၀ယ်လေ ငါ့ကိုဘာလို့
ဖုန်းထပ်ဆက်ပြန်ရတာတုန်း "

"နင်ကလည်း ဟာ လိုက်ခဲ့ပါဆို ဒီသူငယ်ချင်းလေး တစ်ယောက်တည်းရှိတာကို "

"တော်ပါပြီ ငါမလိုက်ချင်ဘူး "

"ငါနင့်ကိုသေရွာခေါ်နေတာမဟုတ်ဘူးနော် သံစဥ် အပျော်ခရီးလေးတူတူထွက်ဖို့ဟာက်ိုစျေးတွေကိုင်လိုက်တာ "

"စာမေးပွဲနီးနေပြီဟ "

"သေလိုက် သံစဥ်! ရှစ်ပတ်လောက်လိုသေးတဲ့ စာမေးပွဲကို အကြောင်းမပြနဲ့ "

"ဟာ ငါမှ မလိုက်ချင်တာက်ို "

"လိုက်ခဲ့ပါဆို နင်ကလည်း ပိုက်ဆံ
လည်းမကုန်တဲ့ဟာက်ိုဘာတွေဖြစ်နေတုန်း"

"ပိုက်ဆံမရှိလို့ မဟုတ်ဘူးဟဲ့ မသာရဲ့ "

"အဲ့တာဆို ဘာလဲ !?
တိမ်လွှာဖြူ နဲ့ခွဲရမာစိုးလို့မလား ?"

မေးခွန်းတစ်ခုထက် မှတ်ချက်တစ်ခုနဲ့ပိုတူနေသော ဝေယံစကားအပြီး သံစဥ် ခဏမျှ ငြိမ်သက်သွားပြီးမှ မရေရာသော အဖြေစကားတို့ဖြင့် ဝေ၀ေ၀ါး၀ါးခွန်းတုံ့ပြန်မိသည်...

"ဘာဆိုင်လို့လဲ နင်ကလည်း "

"သူ့ကိုပါ ခေါ်ခဲ့လိုက် "

"ဟမ် "

"တိမ်လွှာဖြူ ကိုပါ ခေါ်ခဲ့လိုက်လို့ပြောတာ ငါ လက်မှတ်နှစ်စောင်ဖြတ်ခဲ့လိုက်တော့မယ် နော် "

တိမ်လွှာဖြူ တိမ္လႊာျဖဴWhere stories live. Discover now