23;ဖမ်းဆုပ်ခွင့်
ညအချိန်ဖြစ်သောကြောင့် ဟိုတစ ဒီတစ မီးပုံသေးသေးလေးများနဲ့လူအနည်းစုကလွဲ၍ ကမ်းခြေတစ်ခုလုံးကို အနက်ရောင်ကောင်းကင်ပြင်ကြီးအပြည့်အ၀လွှမ်းခြုံထားလေသည် ...
ကမ်းစပ်ဆီကသဲပွင့်တို့ကို ပင်လယ်ရေတို့ကတစ်စတစ်စ လာရောက်ကလူကျီစယ်ကာတိုက်စားနေလေသည် ။ပင်လယ်ပြင်ဆီက လိုင်းတဝေါဝေါသံနှင့်အတူ အေးစိမ့်နေသော လေပြေညှင်းတို့က ခပ်ဖြည်းဖြည်းတိုက်ခတ်နေလေရဲ့ ။
သဲသောင်ပြင်ပေါ်တွင်တော့ ယူကူလေလီ တစ်လက်ကို ပိုက်ထားသောကောင်မလေး တစ်ယောက် မလှုပ်မယှက်ထိုင်နေပုံကျောက်ဆောင်တစ်ခု အတိုင်းပင် ....။ သူမက ပင်လယ်ပြင်ကြီးကို မျက်နှာမူထားသော်လည်း စိတ်အာရုံတို့ကပင်လယ်ကြီးဆီမှာ ရှိနေပုံမပေါ် ။တစစ လာရောက် ထိစင်သော ပင်လယ်ရေအမှုန်အမွှားတို့ကိုလည်း သတိပြုမိပုံမရ။မဟူရာရောင်ကောင်းကင်ထက်က တလက်လက် ကြယ်ရောင်တို့၏ လှပမှုကိုလည်း ခံစားမိဟန်မတူ။
ဦးတည်ရာသတ်သတ်မှတ်မှတ်မရှိသည့် မျက်၀န်းတို့ထဲတွင်တော့ ကြေကွဲရိပ်တို့ တွဲခိုနေပုံကဆွေးမြေ့ဖွယ်....။
"သံစဥ်..."
အနောက်က ခေါ်သံကြားမှ သံစဥ်က လက်ရှိကမ္ဘာကို အသိပြန်ရောက်လာသလိုခပ်ဖြည်းဖြည်းလှည့်လာခဲ့သည် ။ နှုတ်တ်ခမ််းတွေက လှုပ်ရှားရန်စိတ်ကူးမရှိသလို 'ပြော'ဆိုသည့်သဘောဖြင့် ခေါင်းကိုသာ တစ်ချက် ဆတ်ပြခဲ့သည် ။
"ကဲ ပြောပါဦး ဘာတွေဖြစ်နေတာလဲ ? "
"ဘာဖြစ်ရမှာတုန်း "
ပြန်ဖြေသည့်သံစဥ့်လေသံက ခပ်ဆတ််ဆတ် ဆိုပေမဲ့ တစွန်းတစ ပါလာသော ၀မ်းနည်းမှု တချို့ကိုမူ မဖုံးကွယ်နိုင် ။
ဘုဆက်ဆက်ဖြေသံအပြီး ဝေယံတစ်ချက်ရယ်လိုက်ပြီး သံစဥ့်ဘေးနားသဲပြင်ပေါ်မှာပဲ ပင်လယ်ကြီးကို
မျက်နှာမူ၍ ၀င်ထိုင်ကာ လက်ထဲက
ဘီယာဗူးကိုတစ်ငုံသောက်လိုက်ရင်း ။
YOU ARE READING
တိမ်လွှာဖြူ တိမ္လႊာျဖဴ
Romanceတိမ်လုံးလေးကိုမှ ထွေးပွေ့မြတ်နိုးချင်မိပါသတဲ့ ~ တိမ်လုံးလေးကိုမှ ထွေးပွေ့မြတ်နိုးချင်မိပါသတဲ့ ~ Fic cover - AL_LUKAR