12

5.6K 501 23
                                    

12;ထိန်ချန်ထားခြင်း

"မေကြီး သမီးပြန်ရောက်ပြီ "

"သမီး ရေသောက်ဦး
တအား အေးတာမသောက်နဲ့နော်"

"ဟုတ်ကဲ့ပါ "

"ရေသောက်ပြီးရင် မီးဖိုခန်းထဲလာခဲ့ဦး"

"ဟုတ် မေကြီး လာပြီ"

သံစဥ် ကလေးတစ်ယောက်လ်ိုပဲ
မေမေခေါ်ရာပြေးသွားမိသည် ။

"၀ိုး "

စားပွဲပေါ်က မုန့်ဟင်းခါးဖတ်များကို
မြင်သည်နှင့် လက်ထဲက လွယ်အိတ်ကို ဘေးခုံမှာ ကပျာကယာ ချလိုက်ပြီး မြန်မြန်၀င်ထိုင်လိုက်သည် ။

"မုန့်ဟင်းခါးစားမှာမို့လား
မေကြီးဟင်းရည်‌နွှေးပေးမယ်"

"စားမှာပေါ့ ၀ိုး ဘူးသီးကြော်တွေရောပဲ"

ကပ်ကြေးနဲ့ ညှပ်ထားသောဘူးသီးကြော်
အတုံးတုံးလေးတွေ ထည့်ထားသည့်
ပန်းကန်ဆီကိုလက်အလှမ်း မေမေက လက်ကို ရိုက်ချသည် ။

"လက်အရင်ဆေးဦးလေ အခုမှ
အပြင်က ပြန်လာတာကို "

"မေကြီးကလည်း ဗိုက်ဆာနေပြီကို ... "

"လက်လေးဆေးတာကိုဘယ်လောက်ကြာမှာ
မို့လို့လဲ သွားဆေးချည် ။ ဟင်းရည်ကလည်း နွှေးနေတုန်းကို"

ဟွန့် ~

ဘေလ်စင်မှာတင်ထားသည့် ဆပ်ပြာကို ယူကာ လက်ကိုသေသေချာချာပွတ်တိုက်၍ ဆေးနေလိုက်သည် ။

မီးဖိုပေါ်က မုန့်ဟင်းခါးအိုးက
ပွက်လာသည်ထင့် အနံ့မွှေးမွှေးက
နှာခေါင်းဖျားထိ လာပြီးကလူကျီစားတော့ ဗိုက်ထဲက ပိုးမျိုးရှစ်ဆယ်က တဂွီဂွီမြည်၍ ဆန္ဒပြလာလေပြီ ။

"အား မရတော့ဘူး
ဗိုက်တွေအရမ်းဆာလာပြီ "

"အပူခံအပြားယူခဲ့ဦး
ဟင်းရည်အိုးတင်မလို့ "

"ဟုတ် "

လက်ဆေးပြီးတော့ ပန်းကန်စင်ပေါ်က အပူခံပြားကို လမ်းယူ၍ စားပွဲပေါ်ချလိုက်တော့ မေမေက ဟင်းရည်အိုးကို ယူလာသည် ။

တိမ်လွှာဖြူ တိမ္လႊာျဖဴWhere stories live. Discover now