06

6.5K 535 34
                                    

6;လုံခြုံခြင်းရင်ခွင်အိမ်

"ဖြူ  မုန့်စျေးတန်းသွားရအောင် "

"ငါ- ငါမလိုက်တော့ဘူး"

"အယ် ဘာလို့လဲ "

"ဒီ-ဒီတိုင်းပဲ "

"ဖြူ နင်တစ်ခုခုဖြစ်နေတာလား "

"ဟင့်အင်း"

"ဖြူ  ရေ ဖြူ လေး ... ဖြူ လို့ "

"အင်းလို့ ..."

"ဘာဖြစ်နေတာလဲလို့ "

"ဘာမှဖြစ်ဘူးလို့"

"ဖြစ်နေပါတယ် ငါသိတယ်
ပြောပြလေလို့ နော်လို့ နော် ..."

သံစဥ်ပြောရင်း ငုံ့နေသည့် အဖြူရောင့် ဦးခါင်းနားကို မရမက တိုး‌ဝေ့ကာမျက်နှာလေးကိုကြည့်မိတော့အပေါ်နှုတ်ခမ်းနဲ့ နာတံတို့အကြား
မြင်သာအောင်ပြောရလျှင် နှုတ်ခမ်းမွှေးပေါက်တတ်သည့် နေရာတွင်ချွေးပေါက်လေးတွေ သီးနေသည့်အပြင် မျက်နှာတစ်ခုလုံးကလည်း
နီဆွေးဆွေးဖြစ်နေလေသည် ။

"ဟင် ... ဖြူ လေး ဘာဖြစ်နေတာလဲဟင် နေမကောင်းဘူးလား ဘယ်နားနာတာလဲ ။အိမ်ပြန်ရအောင် ငါနေ့တစ်ပိုင်း ခွင့်တိုင်လိုက်မယ် "

"ဟင့်အင်း ငါရတယ် "

အဆင်ပြေတယ်ဟုသာပြောနေသော်လည်း မျက်နှာနီဆွေးဆွေးနဲ့
တစ်ချိန်လုံးကိုက်ထားသည်ထင့်
သာမန်အချိန်ထက် ပိုပြီးနီထွေးနေသော နှုတ်ခမ်းရဲရဲက သူမကိုစိတ်အေးလက်အေးပေးမနေ ။

စိုးရိမ်စိတ်တို့နဲ့ နဖူးပြင်ကျဥ်းကျဥ်းပေါ် လက်တင်မိတော့ ချွေးစက်တချို့နဲ့အေးစက်စက်အထိအတွေ့ကြောင့် အဖျား၀င်ခြင်း မဟုတ်မှန်းတော့သိလိုက်သည် ။

"အဖျားတော့ မရှိဘူးပဲ"

"ငါဘာမှမဖြစ်ပါဘူးဆို...."

ဘာမှမဖြစ်ဘူးသာဆိုတဲ့စကားကိုတောင် အားယူပြီးပြောနေရတဲ့ဖြူ့ကို သံစဉ်ကမြုံစိစိနိုင်ရန်ကောဆိုတဲ့ပုံနဲ့မျက်‌မှောင်ကုတ်ကြည့်သည် ။

တိမ်လွှာဖြူ တိမ္လႊာျဖဴWhere stories live. Discover now