45

3.7K 348 35
                                    

45;အားလပ်ရက်

"UNO"

တစ်ကဒ်ထဲကျန်တော့သည့်လက်ထဲကUNOကဒ်ကိုမြောက်ပြီး ဖြူက
အသံစူးစူးလေးနဲ့အော်သည်။လက်တစ်ဖက်အပြည့်ကျန်နေသေးသည့် သံစဉ်ကတော့ကဒ်တွေကိုလွတ်ချပြီး စိတ်ပျက်လက်ပျက် ။

"ဟာာ ငါပဲရှုံးပြန်ပြီလား  "

"အင်း ဟုတ်တယ် ရှုံးပြန်ပြီ "

"အလျှော့ပေးထားတာ
သနားလို့ "

"အမယ် UNOဆော့ရင် ဘယ်တုန်းက ငါ့ကိုနိုင်ဖူးလို့လဲ "

"ဘာလဲ မနေ့ကလေ မနေ့က
ငါနိုင်တာလေ "

"၂၈ပွဲလောက်ဆော့ပြီး တစ်ပွဲပဲ
နိုင်တာကို အဲ့တာနိုင်တာတဲ့လား"

"ဘာနေနေ နိုင်တာကနိုင်တာပဲ"

"တစ်သက်လုံး အဲ့ဒီတစ်ပွဲပဲ
နိုင်ဖူးတာလား အဲ့လောက်ထိ
မှတ်မိနေတာ ကြည့်ဦး "

"အင်း ဟုတ်မယ်ထင်တယ် "

တဟီးဟီး တဟားဟားဟားရယ်သံ
တွေက သည်းသည်းမဲမဲရွာသွန်း
နေသည့်မိုးသံတွေကြားတိုးညှင်းစွာ
ပျံ့လွှင့်နေလာသည်။

"အိမ်မှာပဲ ကပ်နေရတာ
ဘယ်လောက်တောင်ကြာပြီလဲ
ဒီနေ့နဲ့ဆို "

"သုံးရက်"

"အဲ့လောက်ပဲရှိသေးတာလား"

"အင်းလေ "

"ငါကအကြာကြီးရှိပြီထင်နေတာ"

"နင်ကအပြင်ပဲထွက်ချင်နေတာကို"

"အဲ့လိုမဟုတ်ပါဘူး "

"ဟုတ်ပါတယ် "

"အဲ့လိုမဟုတ်ပါဘူးဆို "

"ဟုတ်ပါတယ်ဆို "

"ဟား မနိုင်ဘူး"

ကုတင်ခြေရင်းမှာ ခြေပစ်လက်ပစ် လှဲချရင်း ခြေထောက်တွေကို ကုတင်ပေါ်တင်ထားလိုက်သည် ။ဖြူ ကတော့ ကုတင်ပေါ်မှာ မှောက်ကာ သူမကိုကြည့်နေသည်။

"သံစဉ် နင် အလုပ်လုပ်ပြီးတော့
ငါ့ကို ဘာမှလည်း၀ယ်မကျွေး
ရသေးဘူး "

"မုန့်ဟင်းခါး ၀ယ်ကျွေးတယ်လေ
မေ့သွားပြီလား သုံးပန်းကန်တောင်
စားပြီးတော့ ဟမ် "

တိမ်လွှာဖြူ တိမ္လႊာျဖဴWhere stories live. Discover now