16

5.5K 496 38
                                    

16;စိုးရိမ်စိတ်

iKON အဖွဲ့မှ လောလောလတ်လတ်
ထွက်ထားသောKilling Meကို Bluetooth headphonesကို နားမှာတပ်၍ကွဲထွက်မတတ်ဖွင့်ကာ သံစဥ်တစ်ယောက် အခန်းထဲမှာ ခုန်ပေါက်နေလေသည် ။

"CHU-KU-MAN-KU SA-RA-NGAN-NAPA"
[သေလောက်အောင် ချစ်ခဲ့မိတယ် ထင်တယ်]

ပါးစပ်မှလည်း မှန်သည်လား မှားသည်လား မသိသည့် အသံထွက်များနှင့် အော်ကြီးဟစ်ကျယ် လိုက်ဆိုနေသေးသည် ။

"ချူ -ခဲ-သာ "
[သေတော့မှာပဲ]

ပုခုံးကျော်ကျော်ရှည်သည့်ဆံနွယ်တွေကို MVထဲက Bobbyပုံစံအတိုင်း စိတ်ရှိသလို စည်းချက်နဲ့အတူ ခါရမ်းရင်း တစ်ကိုယ်တည်း လွတ်လွတ်လပ်လပ်စီးမြောနေသည်က မသိလျှင် သူကိုယ်တိုင်MVထဲရောက်နေသည့် အတိုင်း.....

"အယ် အားကုန်သွားတာလား"

ဖွင့်ထားသောသီချင်းသံရပ်သွားတာကြောင့် မျက်စိရှေ့မှာဖုံးအုပ်ကာ ရှုပ်ပွနေတဲ့ဆံပင်တွေကို ဖယ်ကြည့်လိုက်တော့

"ဖြ...ဖြူ ?"

ဆံပင်တွေကိုလက်နဲ့မြန်မြန်သပ်ချကာ သူ့ကိုဂျိုကြည့် ကြည့်နေသည့် ဖြူ့ကို အစွမ်းကုန် သွားဖြီးပြလိုက်သည်...။

ဖြူ့ပုံစံက တစ်ခုခုကိုစိတ်တိုနေသည့်ဟန်မို့ သူမ ကိုယ်တိုင်လည်း ဘာအမှားလုပ်ထားလို့လုပ်ထားမှန်းမသိတာကြောင့်အရင်ဆုံးမျက်နှာချိုသွေးထားဖို့ပဲအရေးကြီးသည် ။

ဖြူကမ်းပေးသော မိမိဖုန်းကြောင့် ခုနက သီချင်းရပ်သွားသည်မှာ အားကုန်သွား၍ မဟုတ်ပဲ ဖြူ  ကBluetoothကို offလိုက်လို့
ဖြစ်မှန်းသိလိုက်သည် ..။

"ဖြူ  နင်ဘယ်လို၀င်လာတာလဲ "

"ခြံကျော်ပြီး၀င်လာတာ !"

"မဟုတ်တာ အကောင်းမေးနေတာကို‌အောက်မှာမေမေပြန်ရောက်နေပြီလား?"

"ဘာကျန်ခဲ့လို့ဆိုလား ပြန်လာယူတာတဲ့ အခုတော့ ပြန်ထွက်သွားပြီ "

တိမ်လွှာဖြူ တိမ္လႊာျဖဴحيث تعيش القصص. اكتشف الآن