42

3.8K 357 16
                                    

42; လက်တကမ်းအကွာ

"ထတော့ အလုပ်ရှိတယ် မလား
ဒီနေ့ သွားရမှာမလား"

"ဟင့်အင်း ရသေးတယ်
လိုသေးတယ် အစောကြီးရှိသေး တာကိုအခုထိ  "

"အပျင်းကြီးလိုက်တာ
ငါမရှိတိုင်း လုပ်ချင်တိုင်းကို
လုပ်နေတော့တာပဲ "

လက်တဖဝါးစာမှန်သားပြင်ထဲကနေ
နှုတ်ခမ်းတထော်ထော်နဲ့ ဩဝါဒ
ချွေနေသော ကောင်မလေးကို
ကြည့်ပြီးအရမ်းအူယားလာသည်။
ဆိုးဝါးသည်ကပါးတွေကိုဆွဲညှစ်
လို့ မရတာဖြစ်သည်။တကယ်ဆို
သူမတို့ကြားမှာဝေးနေတဲ့မိုင်ပေါင်းက နည်းတာမဟုတ်။ တိုးတတ်လာတဲ့နည်းပညာတွေကြောင့်သာ
မျက်နှာလေးနဲ့လှုပ်ရှားမှုတွေကို
မြင်ခွင့်ရတာကိုက ကံကောင်းမှုပဲ
မဟုတ်လား။

"‌အမ်း နောက်ထပ် ဆယ့်ငါးမိနစ် နဲ့ နှစ်ဆယ့်သုံး စက္ကန့်နေရင် ထမယ်"

"ဟား နင့်ကိုတော့ တကယ်
မနိုင်ဘူး "

"နင့်ကိုတော့ ငါက နိုင်တယ်နော်
ခရီးသွားပြီးအစားတွေအများကြီး
စားလာရင်တော့ မသိဘူး "

"စားလာမှာ။ စားလာပြီး နင့်ကို
တတ်ဖိဦးမယ် ပြန်လာရင်"

"နင်ပြန်လာရင်တော့ အိမ်မှာ
မနေတော့မှဖြစ်မယ်။  "

"မနေနဲ့ပေါ့ ငါနေရာအကျယ်ကြီး
အိပ်လို့ရတာပေါ့ "

"နင်‌လေ "

"အင်း ...?"

"ဘယ်တော့လောက်
ဒီပြန်ရောက်မလဲ"

လွမ်းလှပြီ ပြန်လာပါတော့ ဖြူရယ်
ဆိုတာကိုတော့စိတ်ထဲကနေပဲ
တိုးတိုးလေးပြောမိသည် ။

တစ်ရက်လုံးVideo callခေါ်ထားပြီး
စကားပြောနေ အလွမ်းသယ်နေရတဲ့
အချိန်တွေက အစတုန်းကတော့ ပျော်ဖို့ကောင်းခဲ့ပေမဲ့ အပြင်မှာ
သူမဘေးမှာရှိနေတဲ့ဖြူ့ကိုတကယ်
လွမ်းလာသည် ။ လက်ဖျားလေးတွေကို ထိကိုင်ထားချင်သည်။ နှာခေါင်းထိပ်လေးကိုဆွဲညှစ်ချင်သည်။ ပေါင်ပေါ်မှာအိပ်ချင်သည် ။ မနက်စောစောနိုးလာရင် ရနေကျ ကိုယ်သင်းရနံ့လေးကိုလိုချင်သည် ။

"မသိဘူး ဖေဖေကလည်း
ဘာမှမပြောသေးဘူး နင်လည်း
ကြည့်ဦးလေ မိုးကရွာနေတာ"

တိမ်လွှာဖြူ တိမ္လႊာျဖဴOù les histoires vivent. Découvrez maintenant