14

5.6K 497 28
                                    

14;ဟက်ပီးဘတ်ဒေး

အချိန်ကား ညသန်းခေါင် .......
ကောင်မလေးတစ်ယောက် လက်ထဲကဖုန်းကိုကြည့်လိုက် အိပ်ယာပေါ်ပြန်လှဲချလိုက် မျက်နှာကို လက်နဲ့အုပ်ကာ ရယ်လိုက် ခေါင်းအုံးတွေထဲကို အတင်းထိုးနစ်၀င်လိုက်နှင့်တစ်ယောက်တည်းယောက်ယက်ခက်နေလေသည် ။

ဗီဒီယိုထဲက ကိုယ့်ကိုကိုကြည့်ကာ
သံစဥ် ရှက်လာသည် ။ မပို့ပဲနေလိုက်ရမလား....?

အဲ့လိုတော့လည်း မဖြစ်ပြန်..!ဒီလိုမျိုးသူ့ကို တီးပြချင်လွန်းလို့ ဒီအချိန်အတွက် ရည်ရွယ်၍ သင်ခဲ့ရသည်မဟုတ်လား..။

သံစဥ်ရိုက်ထားသောဗီဒီယိုက ဒီအတိုင်း ဟက်ပီးဘတ်ဒေး ကို ရိုးရိုးရှင်းရှင်းတီးခတ်ထားခြင်းမျှသာ ....။

ဗီဒီယိုထဲတွင် လျှာထိုးဦးထုပ်ကို ခပ်ငိုက်ငိုက် ဆောင်းထားတာကြောင့် မျက်နှာကိုတောင်ရှင်းရှင်းလင်းလင်း မမြင်ရ ။

ကိုယ့်မျက်နှာကြီးပြူးပြူးပြဲပြဲပါလာတာမျိုးကိုသံစဥ်မကြိုက်...။  ဓာတ်ပုံရိုက်လျှင်တောင် ယနေ့ခေတ် လူငယ်ကြားခေတ်စားသည့် မျက်နှာမပေါ်အောင် ကော်ဖီခွက် တို့
စာအုပ်တို့နဲ့ ကွယ်ကာ ရိုက်တတ်သော ပုံများနှင့် မျက်နှာကိုတခြမ်းသာ ပါသည့်ပုံများသာ သံစဥ့်ထံတွင် ရှိသည် ။

ဗီဒီယိုကိုကြည့်လျှင်မျက်စိထဲတန်း၀င်လာမည်က ဆက်ဆီကျကျ ထွက်နေသော ညှပ်ရိုးတချို့နဲ့
ယူကူလေလီ ကြိုးတွေပေါ်မှာ ပြေးလွှားကခုန်နေသည့် ရှည်ရှည်သွယ်သွယ် လက်ချောင်းလေးများသာ...။

ဖုန်းကိုကိုင်ထားရင်းနဲ့ပဲ alarmက
ထမည်လာသည် 11:55တွင် သံပတ်ပေးထားခဲ့သည်လေ ။ မတော်လို့ အိပ်ပျော်သွားရင်
အခက်သားမဟုတ်လား....။

ပို့ခံနီးမှ ရေးလျှင်အမှားပါနိုင်တာမို့ ကြိုတင်ကာအဆင်သင့်ရေးထားသော noteထဲမှ မွေးနေ့ဆုတောင်းကို အကြိမ်ကြိမ် စစ်ကာ စိတ်ကျေနပ်မှ copyလုပ်လိုက်သည် ။

"HAPPY BIRTHDAY
 A PHYU YOUNG <3
ငါနဲ့အတူတူအသက်ရှည်ရှည်နေသွားပေးbtw check msg box plz "

တိမ်လွှာဖြူ တိမ္လႊာျဖဴWhere stories live. Discover now