55

3.5K 332 9
                                    

55;‌ညိုပေါက်

"ဟေး ဖြူ မငိုနဲ့လေကွာ အဆင်ပြေပါတယ် ငါရှိတယ် ။"

မျက်ရည်တွေစိုရွဲကာတအင့်အင့်နဲ့
ရှိုက်ငိုနေတဲ့ဖြူ့ကိုရင်ခွင်ထဲထည့်ပြီး
နှစ်သိမ့်ဖို့လုပ်သည် ။လူကဘာကြောင့် ဒီလောက်ထိ အိပ်ချင်နေတယ်မသိ။တကယ်ဆို သူမ ဒီလိုအချိန်မှာချက်ချင်းလိုလို ထကြွနိုးကြားလာရမှာလေ ။

အချစ်ရဆုံးလူက နာကျင်နေရသည်တဲ့လေ။ခံစားနေရသည်တဲ့။ကြောက်ရွံ့နေရသည်လေ။တစ်ခုခုကတော့အတော်ကြီးလွဲချော်နေပြီလို့ခံစားရသည် ။ဖြူ့ဆီကိုလှမ်းဖို့ တစ်ခုခုက ကာစီးထားသလို ။မျက်လုံးတွေကိုဖွင့်ထားရတာ ခက်ခဲသည်။ဖြူ့မျက်နှာသွယ်သွယ်ကို အာရုံစိုက်ဖို့ခက်ခဲသည်။ ခန္ဓာကိုယ်က လှုပ်ရှားဖို့ခက်ခဲသည် ။အလုံးစုံ အကုန်လုံး ခက်ခဲနေတာမို့ စိတ်တွေရှုပ်လာသည်။စိတ်ရှိလက်ရှိ တချက်လောက်အော်ဟစ်ပစ်ချင်တာတောင်မှပဲ အသံကထွက်မလာ ။ဆေးမိနေတာလိုလို။ တစ်ခုခုနဲ့ပိတ်မိခံထားရတဲ့လူလို ။

"သံစဉ် ငါကြောက်တယ်"

အနားကိုပိုတိုးကပ်လာတဲ့ ဖြူ့ကို ကြိုးစားပြီးထွေးပွေ့ထားဖို့လုပ်လည်း လက်တွေက လျော့တိလျော့ရဲ ။ဘာမှမလုပ်နိုင် ။မျက်ရည်တွေသုတ်ပေး‌ချင်သည် ။စကားတွေတဖွဖွပြောချင်သည် ။၀မ်းနည်းမှုတွေ လျော့သွားစေဖို့ တတ်နိုင်သမျှအကုန်လုပ်ပေးချင်သည့်ဆန္ဒက အမှန်ပင်ဖြစ်သော်လည်း လက်တွေ့ဘ၀ရဲ့သူမက စိတ်သွားတိုင်းကိုယ် မပါနိုင်ဘဲ တောင့်တောင့်ကြီးဖြစ်နေသည် ။ဘာတွေဖြစ်နေတာလဲ ။

"ငါနင်နဲ့ဝေးသွားရတော့မှာ။ အဲ့တာက ငါ့ကိုနင့်ဆီကနေ ဆွဲခေါ်သွားတော့မှာ ။ငါနင်နဲ့ရှိနေချင်သေးတာလို့ သံစဉ်ရဲ့ "

ရှိုက်သံတို့နဲ့ပြည့်နေလည်း ဖြူ့စကားရဲ့အဓိပ္ပါယ်ကိုတော့ နားလည်လိုက်နိုင်သေးသည် ။အဖျားခပ်ပြီး သိမ်၀င်သွားသည့်ဖြူ့အသံကြောင့် နှလုံးသားတစ်ခုလုံးကို ဓားချွန်နဲ့ဆွ သလိုတစ်ဆစ်ဆစ်ကိုက်လာသည်ဟု ထင်မိသည် ။

ဘာမှအကူအညီမဖြစ်တဲ့အခြေနေကို ဒေါသထွက်ရာက၀မ်းနည်းလာသည်။လှဲနေရင်း ဖြူ့ကိုလက်မောင်းပေါ်မှာထားရင်း မျက်ရည်တွေ စီးကျလာသည် ။ခဏအတွင်းမှာပင် သူမခေါင်းအုံးကစိုစွတ်လာသည်။ အိပ်မက်ဆိုလျှင်လည်းနိုးပါတော့လို့
အကြိမ်ကြိမ်ဆုတောင်းမိသည်။ အကုန်လုံးလုပ်ပေးချင်ပေမဲ့ တစ်ချိန်တည်းမှာပဲ ဘာမှလုပ်မပေးနိုင်တာက ဘာနဲ့တူလဲဆိုတော့ ချစ်ရသူရေနှစ်နေတဲ့အချိန်မှာ ရေမကူးတတ်တာမို့ ရပ်ကြည့်နေရတာနဲ့တူသည်။ ဟင့်အင်း အဲ့အခြေနေမှာတောင်မှ ရေထဲလိုက်ခုန်ချပြီးအတူတူသေပစ်လိုက်လို့ရသေးသည်။အခုအခြေနေက အဆပေါင်းများစွာပို၍ဆိုးရွားသည်။

ခွေးဟောင်သံကြားရသည်။အဲ့တာကလည်း အရမ်းကိုနီးနီးကပ်ကပ်
စိုစိစိနဲ့တစ်ခုခုကိုမျက်နှာပေါ်မှာ ခံစားလိုက်ရတော့ အလိုအလျှောက် ခန္ဓာကိုယ်ကတုံ့ပြန်ကာ ဆက်ကနဲ့ ထထိုင်မိသည်။အခုကျတော့လည်းချက်ချင်းပင်‌ပေ့ါပါးနေပံက ထူးဆန်းတာမို့ လက်တွေကိုတောင် မျက်နှာနားထိမြှောက်ကြည့်လိုက်မိသေးသည်။

တိမ်လွှာဖြူ တိမ္လႊာျဖဴOnde histórias criam vida. Descubra agora