28

5.2K 474 29
                                    

28;ပွင့်လင်းခြင်း

ကားပါကင်ကနေ ဆိုင်တံခါး၀ဆီ ပြေးလာတာမို့ခန္ဓာက််ိုယ်ပေါ်မှာ ဟိုတစ်စက်ဒီတစ်စက် ကျလာသည့် မိုးရေပေါက်တို့ကို လက်နှစ်ဖက်လုံးသုံး၍ သပ်ချလိုက်ရင်းဝတ်ထားသည့် တီရှပ်ကိုလည်း ပြန့်အောင်လုပ်လိုက်သည် ။

မှန်တံခါးကိုတွန်းဖွင့်ပြီးဆိုင်ထဲ၀င်ရောက်ချိန် airconလေကြောင့် စိမ့်ကနဲ့ဖြစ်သွားကာ ကြက်သီးတွေဖြန်းကနဲ့ထလာလေသည် ။

သည်းထန်သည်ဟုပြောမရပေမဲ့ ရွာနေတဲ့အပြင်ကမိုးကြောင့်အေးရတဲ့အထဲ airconကိုဒီလောက်ကြီးထိဖွင့်ထားသည့် ဆိုင်၀န်ထမ်းတွေကိုလည်း စိတ်ထဲကအပြစ်တင်မိသွား
သေးသည် ။

ဟိုဟိုဒီဒီ မျက်စိကစားလိုက်ရာ သူမကို လက်လှမ်းပြနေတဲ့ ဖေဖေ့ကိုတွေ့တာမို့ တစ်ချက်ရယ်ပြကာ ဖေဖေ့နားကိုလျှောက်သွားလိုက်သည် ။

"လာသမီးလေး "

သူမ အနားကိုရောက်လာတော့ ထလိုက်တဲ့ဖေဖေက ပုခုံးကိုဖက်လာသည် ။

"ဒီဆိုင်မှာထိုင်မှာမဟုတ်ဘူးလား...ဖေကြီး"

"အင်းဒီမှာပဲလေ အပေါ်ထပ်သွားမှာ
လာ သမီး "

"ဟုတ် "

ဖေဖေနဲ့အတူ လှေကားထစ်သေးသေးလေးတွေပေါ်ကို တက်ခဲ့လိုက်သည် ။ဒီဆိုင်က အပေါ်ထပ်မှာလည်း ထိုင်လို့ရကြောင်း သံစဥ်
မသိတာအမှန် ။ဆိုင်ကဖေ့ဖေ့ရုံးနားမှာ ဖြစ်၍ ငယ်ငယ်ကဆို မေမေနဲ့တူတူ ခဏခဏလာ၍ ဖေဖေနဲ့နေ့လည်စာ လာစားကျ ဆိုပေမဲ့လည်းလေ.....။

အပေါ်ထပ်မှာ တသီးတသန့်ဖြစ်နေသောနေရာလေးမှာ သူမတို့ ထိုင်ပြီးမကြာသေး စားစရာတွေရောက်လာသည် ။

"သမီး ကြိုက်တာတွေ ကြိုမှာထားတာ စားလိုက်ဦး "

"ဟုတ် "

သူမကိုကြည့်နေသော ဖေဖေ့မျက်၀န်းတွေကဂရုဏာသက်ခြင်းလိုယူကျိုးမရဖြစ်ခြင်းတို့လိုမျိုးအရိပ်အယောင်တွေပါနေဟန် ဖြစ်တာမို့ စိတ်ကမဖြောင့်ပဲ အကြိုက်ဆုံးအစားစာတွေရှေ့မှာရောက်နေတာတောင် အားရပါးရမစားနိုင် ။

တိမ်လွှာဖြူ တိမ္လႊာျဖဴWhere stories live. Discover now