17

5.7K 490 34
                                    

17;ခေါင်းစဥ်ပျောက်ခြင်း~

ကုတင်ခေါင်းရင်းတွင် ခေါင်းအုံးကိုထောင်လျက် မှီကာထိုင်နေသော ကောင်မလေးနှစ်ယောက်။

တစ်ယောက်က ဖုန်းကိုလက်ကကိုင်ထားကာ ကြည့်နေရင်း လက်ကလည်း ဖုန်းစခရင်ပေါ်မှာလျှင်လျှင်မြန်မြန်ပြေးသွားနေသည် ။

ကျန်တစ်ယောက်ကတော့ လက်ထဲတွင် စာအုပ်ကိုကိုင်ထားကာ စိတ်၀င်တစား ဖတ်နေလေသည် ။

ဖုန်းကိုင်ထားသည့်ကောင်မလေးက တစ်ချက် တစ်ချက် ကျယ်လောင်စွာ ထ ထ ရယ်လေတော့ စာအုပ်ကိုင်ထားသည့်ကောင်မလေးက
မှုန်ကုတ်ကုတ်နဲ့ ဘေးကကာင်မလေးက်ိုခေါင်းထောင်ပြီး ဘုကြည့် ကြည့်လေသည် ။

ဖုန်းကြည့်နေသည့်ကောင်မလေးကတော့ သတိပြုမိပုံပင်မပေါ် ဖုန်းနဲ့စာတွေရိုက်လိုက် တချက်တချက် ထရယ်လိုက်နဲ့အလုပ်ရှုပ်နေလေသည်။

"ဟား ဟား ဟား "

"သံစဥ် "

"အမ် ?"

"နင့်အသံကြီးနဲ့ ငါစာဖတ်လို့မရဘူး"

"ဟီး ဆောရီး "

သူတို့နှစ်ယောက်ကိုယ့်အာရုံနဲ့ကိုယ်
ပြန်ဖြစ်သွားပြီး ခဏအကြာ သံစဥ်က တဖန် ထရယ်ပြန်သည် ။

စာအုပ်ကိုင်ထားသည့်ပုပုသေးသေး
ကောင်မလေးက စိတ်မရှည်တော့သည့်ဟန် ဖတ်လက်စ စာအုပ်ကို ပစ်ချကာ ဘေးကကောင်မလေးကို မျက်မှောင်ကြီးကြုံ့ပြီး
စိုက်ကြည့်နေလေသည် ။

ထိုအခါမှ ဘေးက ကောင်မလေးက
ပြာပြာသလဲလဲနဲ့ မျက်နှာလေးငယ်ပြကာ

"ငါ အသံကျယ်သွားပြန်တာလား?"

"နင် ဖုန်းသုံးမှာဆို အိမ်ပြန်တော့ သွား"

"မပြန်ချင်သေးဘူး "

"ခဏနေမိုးချုပ်တော့မှာ ပြန်တော့ "

"ငါးခွဲပဲရှိသေးတာကို ဇွတ်ကိုနှင်နေတော"

"နင်က သေအောင်တွေ အော်ရယ်နေတာကို"

တိမ်လွှာဖြူ တိမ္လႊာျဖဴWhere stories live. Discover now