03

8K 569 11
                                    

3;စတင်ခြင်း

"သမီး ရေချိုးတော့နော် "

"ခဏလေး ခဏလေး ဒီတစ်ပွဲပဲ "

"ခဏနေကျရင်ပဲ
သွားရတော့မှာကို"

"မေကြီးကလည်း ခဏလေးပါ ပြီးတော့မှာ ။ဒီတစ်ပွဲပဲ ဒီတစ်ပွဲပဲလို့နော် နော် နော် နော် "

"ဟုတ်ပါပြီရှင်
သမီးတော်သဘောပါ"

"အဲ့တာကြောင့် မေကြီးကိုချစ်တာ"

သံစဥ် မေကြီးကိုချွဲရင်း ပါးကိုနမ်းလိုက်သည်။

"အဲ့တာပြီးရင်တော့ ရေချိုးတော့နော်"

"ဟုတ် မေမေ "

မေမေထွက်သွားပြီး
သံစဥ်ဂိမ်းဆက်ဆော့နေလိုက်သည်။

ဟာ လွှတ်သွားပြန်ပြီကွာ
အေးပေါ့ကွာ ပြန်လာမှထပ်ဆော့မယ် ။ အဲ့ချိန်ကျရင်ငါနဲ့တွေ့ပြီ။
ဂိမ်းခလုတ်ကိုပစ်ချပြီး ရေချိူးခန်းဆီ ပြေးရတော့သည် ။ရေပန်းကိုဖွင့်ပြီး ရေကိုအေးအေးဆေးဆေး
ချိုုးနေလိုက်သည်။ ရေပေါက်အေးအေးတို့ ခန္ဓာကိုယ်ဆီ
ခုန်ဆင်းထိတွေ့လာတဲ့ခံစားချက်ကို
သူမ တကယ်သဘောကျသည် ။

"သမီးရေ မြန်မြန်လုပ်နော် နောက်ကျနေပြီ"

"ဟုတ် မေကြီး "

ခါတိုင်းလိုအေးအေးဆေးဆေးလုပ်လို့ မရတာကြောင့် သံစဥ် ရေချိုးခြင်းက်ို မြန်မြန်လက်စသတ်လိုက်သည်။

မေမေထုတ်ပေးထားသည့် ကုတင်ပေါ်က အ၀တ်စားတို့ကိုပါ ၀တ်ဆင်ပြီးသည့်အခါ သူမက အပြင်သွားဖို့အစဥ်သင့်ဖြစ်ခဲ့ပြီ ။

"ဟာာ ဖေ့သမီးလေးက
လှတယ်ကွာ ဖေ့ဆီလာပါဦး "

"ဘယ်သူနဲ့တူလို့ အဲ့လောက်တောင်
ချောနေရတာတုန်း ဟမ် "

"ဖေကြီးနဲ့တူလို့ ဟီးဟီး"

"ဒီသားအဖတွေကတော့ နောက်ကျနေပြီကို"

"မဟုတ်ပါဘူးကွာ သမီးလေးကချစ်ဖို့ကောင်းလွန်းလို့ပါ ဒီလိုပုံစံနဲ့ဆို
မွေးနေ့ရှင် 'အဖြူရောင်'လေးတောင်
သမီးနဲ့ယှဥ်ရင် အရောင်မိန်သွားလောက်တယ် ဟား ဟား "

တိမ်လွှာဖြူ တိမ္လႊာျဖဴWhere stories live. Discover now