31

6.3K 519 68
                                    

31;ရှင်းတမ်း

အကြာကြီးစောင့်ပြီးမှ ရောက်လာသည့် ချောကလက်မစ်ရှိတ်ကိုစိတ်ပျက်လက်ပျက် တစ်ချက်ကြည့်လိုက်သည် ။ပြီးနောက် ခွက်မှာ
ပါလာတဲ့ ပိုက်တံကိုယူကာ စားပွဲပေါ်ပစ်ချလိုက်၍ တစ်ခါတည်း မော့သောက်လိုက်သည်။ခွက်ကိုလက်ထဲကနေပြန်ချချိန်တွင် အရည်ပျော်သေးတဲ့ ရေခဲတုံးတို့သာ ကျန်တော့သည်။

"သူက တကယ်ရယ်ရတယ် သိလား နင်နဲ့မိတ်ဆက်ပေးဦးမှာ "

ရည်းစားအသစ်ကြောင်းကို ရေပက်မ၀င်အောင်ပြောနေသော သဇင့်စကားကို တစ်ချက်ရယ်၍

"အေးပါ နောက်တော့မိတ်ဆက်ပေးပေါ့ အခုတော့ ငါပြန်ဦးမယ် "

"ဟာာ ခဏလေးပါ နင့်မှာဘာအလုပ်မှလည်းရှိတာမဟုတ်ဘဲနဲ့ "

ဆိုင်ရဲ့ညာဘက်ထောင့်မှာချိတ်ထားသည့် နရံကပ်နာရီကို လှမ်းကြည့်ရင်း သက်ပြင်းတစ်ချက်ကို ဖွဖွချလိုက်သည်။

သဇင်ရဲ့ခဏလေးကတစ်နာရီလောက်ကိုရှိနေပြီ ။ ၀ယ်စရာလေးရှိလို့ အပြင်ကိုခဏ ထွက်လာကာမှ သဇင်နဲ့တည့်တည့်တိုးသည်။မတွေ့ရတာကြာပြီဆိုသည့်အကြောင်းပြချက်နဲ့ သူဆွဲခေါ်ရာ ပါခဲ့ရလေ၏ ။ ဟိုးငယ်ငယ် ကတည်းကပင်သိကျွမ်းခဲ့သိမို့ ငြင်းလျှင်လည်းမကောင်း ။

သံစဥ့်အတွက်လည်း သဇင်ကခင်ဖို့
ကောင်းတဲ့ငယ်သူငယ်ချင်းတစ်ယောက်ပါလေ။အလယ်တန်းလောက်တွင် ကျောင်းကို ဖြူပြောင်းလာတော့ မင်းထက်နဲ့ အောင်သွယ်
ကြသည့်ထဲတွင် သဇင်က ထိပ်ဆုံးမို့
အဲ့အချိန်ကစပြီး သိပ်မကြည်ချင်တော့ ။ တကယ်လည်း သူတို့နှစ်ယောက်ကြားမှာ အဲ့ကိစ္စကလွဲရင် ဘာအကန့်မှမရှိခဲ့ ။

အခုချိန်ထိ သဇင်ဟာ တစ်ခါတစ်လေ ဖြူ့ကို မင်းထက်နဲ့ ဇွဲရှိရှိ လာအောင်သွယ်ဆဲမို့ လည်ပင်း ထညှစ်ပစ်ချင်တဲ့အခိုက်အတန့်တချို့ကလွှဲလို့ပေါ့ ။

အခုဟာက ၀ယ်စရာရှိလို့ ဖြူ့ကို ခဏပဲလို့ပြောပြီးထွက်လာခဲ့တာ တစ်နာရီခွဲ နှစ်နာရီလောက်ရှိနေပြီမို့ ဖြူစိတ်ပူနေမှာစိုးမိသည် ။

တိမ်လွှာဖြူ တိမ္လႊာျဖဴWhere stories live. Discover now