25

5.1K 465 35
                                    

25;နာကျင်ခြင်း

"ဖြူလေးကို ဂရုစိုက်ပေးလိုက်ပါဦးနော်သမီးအန်တီကလည်း ဟိုမှာကလေးတွေကျန်ခဲ့တော့ ..... "

"ဟုတ်ကဲ့ စိတ်ချလက်ချသာသွားပါ"

"ဒီကကိစ္စကလည်း ရုတ်တရက်ကြီးဆိုတော့..ဒါပေမဲ့ စိတ်မပူပါနဲ့ ဖြူနဲ့နေပေးဖို့ အိမ်အကူက ညနေလောက်ကျဒီရောက်လိမ့်မယ် အန်တီအားလုံးစီစဥ်ပြီးပြီ။မရောက်လာခင်ထိတော့ ဖြူလေးနားမှာနေပေးလိုက်ဦးနော်သမီး"

"ဟုတ် သူ့နားမှာပဲ နေမှာပါ"

"အေးအေး အဲ့တာဆို အန်တီသွားပြီ "

"ဟုတ်"

ထွက်သွားတဲ့ကားက မြင်ကွင်းထဲက
ပျောက်သွားတဲ့ထိ သံစဥ် ရပ်ကြည့်နေခဲ့မိသည်။ယခုပြန်သွားသည်မှာ ဖြူ့ဒေါ်လေးဆိုသူဖြစ်သည်။ဆွေမျိုးသားချင်းသိပ်ရှိပုံမပေါ်သည့် ဖြူ့မေမေ၏ နောက်ဆုံးခရီးသည် ရက်ကွက်ထဲကလူတွေနဲ့ပြီးဆုံးချေလေရဲ့ ....

အမျိုးဆိုလို့ ညီမဆိုသော ထိုအန်တီတစ်ယောက်သာ ရောက်လာခဲ့လေသည် ။ ဖြုူ့မေမေနဲ့ရုပ်ရည်အနည်းငယ်ဆင်ရုံမက စကားပြောပုံ
ချင်းပါ တူသာ ထိုအန်တီရောက်လာချိန်တွင် ဖြူ အနည်းငယ်စိတ်သက်ရာ ရပါစေတော့ဟု၍ သံစဥ်တောင် ၀မ်းသာခဲ့သေးသည် ။

သို့သော် မြစ်ကြီးနားကအိမ်တွင် ကလေးတွေ ချည်းသာထားခဲ့ရ၍ ကြာကြာမနေနိုင်ဟုဆိုကာ ရက်လည်ပြီးတာနဲ့ကို ပြန်သွားချေပြီ ။

ဖြူ့အတွက်စိတ်မကောင်းပေမဲ့ လူတိုင်းက ကိုယ့်အကြောင်းနဲ့ကိုယ်မဟုတ်လား.... ။ အထဲကိုပြန်၀င်ကာ ခြံတံခါးကို သေသေချာချာ
သော့ခတ်လိုက်သည် ။ အချိန်က မနက်ခင်းပင် ဖြစ်သော်ငြားလည်း အိမ်ထဲမှာ သံစဥ်နဲ့ဖြူ
နှစ်ယောက်တည်းမဟုတ်လား ။

လှေကားထစ်တွေကို ခပ်သွက်သွက်ပင်နင်းဖြတ်ကာ ဖြူ့အခန်းဆီ တက်သွားလိုက်သည်။

ဆေးပုလင်းတွေ ချိတ်စရာမလိုတော့သော်လည်း ဖြူ့အခြေနေသည်သိပ်စိတ်ချရသေးတာမဟုတ်ပေ။ စိတ်ထောင်းတိုင်းကိုယ်ကျေဆိုသလိုပင် စိတ်အနာကကြီးသောကြောင့် ခန္ဓာကိုယ်ကလည်း အားနည်းကာ ခပ်ဖျော့ဖျော့။

တိမ်လွှာဖြူ တိမ္လႊာျဖဴWhere stories live. Discover now