20;ကျိုးပဲ့ခြင်း
"ဖြူ ဘယ်တွေရောက်နေတာလဲ
ငါ့မှာလိုက်ရှာ.....အာ သဇင်...."ဘေးမှာထိုင်နေတဲ့သဇင့်ကိုအခုမှမြင်သည် ခုနကအထိ အေ၀းကနေကြည့်ပြီး ဖြူ တစ်ယောက်တည်းထိုင်နေသည်ထင်၍ စိတ်တွေပူခဲ့ရသေးလေသည် ။
"သံစဥ်လည်း လာပြီဆိုတော့
ငါသွားတော့မယ် ဖြူ ""အင်း ဖြည်းဖြည်း "
"ငါသွားပြီ သံစဥ် "
"အင်း "
"ဖြူ "
"အင်း "
"သဇင်က ဘာဖြစ်နေတာလဲ ?
ချက်ချင်းကြီးထွက်သွားတယ် ""သိပ်စိတ်အခြေနေမကောင်းလို့နေမှာပါ သူ့ကောင်လေးနဲ့ပျက်သွားတယ်တဲ့လေ "
"အယ် သူတို့က ပြန်တွဲတာမို့လား
အခုပျက်ပြန်တာလား?""အင်း ဟုတ်တယ် ပျက်ပြီတဲ့"
"အင်း ......ပျက်နေကြတာပဲ
ငါအတန်းထဲကို၀င်ခဲ့သေးတယ်
နင်မရှိလို့ နင်ကဒီရောက်နေတယ်.. ""နေ့လည်ချိန်မရှိဘူးးတဲ့ အဲ့တာကြောင့်......နင်ကလည်း မနက်ကဖုန်းပြောမယ်ဆိုပြီး ထွက်သွားတာ ပြန်မလာဘူးလေ "
"အာယအဲ့တာ ဝေယံက ငါ့ကို
အတင်းဇွတ်ဆွဲခေါ်သွားလို့လေ
ငါနင့်ကိုsmsပို့ထားသေးတယ်""ငါဒီနေ့ဖုန်းမပါလာလို့ ........
ဝေယံက နင့်ကိုဘာလို့လာခေါ်တာလဲ ?""အဲ့ကောင် အသည်းကွဲနေပြန်တာလေ သူ့ကောင်လေးက ပစ်သွားလို့တဲ့လေ အဲ့တာ ထန်းတော သွားဖို့အဖော်မရှိလို့တဲ့"
"ကောင်မလေးတော့လုပ်ပါ "
"အဲ ငါပြမယ် ခဏ "
ဖုန်းကိုထုတ််ကာ fbထဲကို၀င်၍
ဝေယံအကောင့်ထဲကို ခဏမွှေလိုက်တော့ ပုံတွေကျလာသည် ။ဘယ်သူ့ကိုမှ ဂရုမစိုက်သလို ပုံစံနဲ့ဝေယံက ရည်းစားထားလျှင်လည်းပေါ်ပေါ်ထင်ထင်သာထားလေ့ရှိသည်လေ ။
YOU ARE READING
တိမ်လွှာဖြူ တိမ္လႊာျဖဴ
Romanceတိမ်လုံးလေးကိုမှ ထွေးပွေ့မြတ်နိုးချင်မိပါသတဲ့ ~ တိမ်လုံးလေးကိုမှ ထွေးပွေ့မြတ်နိုးချင်မိပါသတဲ့ ~ Fic cover - AL_LUKAR