Sugar & Candy(part-2)U

17.7K 732 9
                                    

 နေရောင်စူးစူးက မျက်နှာပေါ်ကျလာသည်နှင့်
ရိပေါ်  အိပ်ယာမှလွင့်လူးပြီးအိပ်ချင်မူးတူးဖြင့်
ငုတ်တုပ်ထထိုင်နေသည်။ 

နောက်မှ ရှောင်ကျန့်ကိုသတိရပြီး

"ဟင်... ကျန့်ကျန့် ... ဘယ်ရောက်သွားပါလိမ့်?"

"ဖွားဖွားရေ...ကျန့်ကျန့်ရော...?"

"ခုမှ...နိုးရလားအားဝမ် ​
မြေးကိုကိုက... အိမ်ရှေ့မှာရှိပါ့"

စကားတောင်မဆုံးသေး လူက အိမ်ပြင်ကိုပင်ရောက်သွားသည်။

အိမ်ရှေ့ ချယ်ရီပင်အောက်ကခုံလေးပေါ်တွင် လက်တစ်ဖက်က ခါးကိုထောက်ကို  ဖုန်းပြောနေတဲ့ ကျန့်ကျန့်
က ရှပ်အကျီ အဖြူရောင်လေးနဲ့ နေရောင်ဖြာကျနေသော မျက်နှာလေးက ပြုံးလိုက်တည်လိုက်နှင့်

ရိပေါ် မျက်စေ့တွေ ဘလင်းဘလင်းဖြစ်ကာ ဘယ်လောက်ကြာကြာငေးနေမိသည်မသိ
ရှောင်ကျန့်ဖုန်းပြောပြီး   သူ့ကိုငေးနေသောကလေးကိုတွေ့တော့  အနားကိုလျှောက်သွားရင်း 

"ကောင်လေး...နိုးလာပြီလား ...?"

ပြုံးစစနဲ့မေးလာတဲ့ ကျန့်ကျန့်ကြောင့်မလုံမလဲမျက်နှာပေးနဲ့

"အွင်း...နိုး...နိုးနေတာကြာပေါ့ "

ရှောင်ကျန့်လည်း  ကလေးပေါက်ကိုစချင်လာသည်။

"ဟုတ်လား...ရိပေါ်
ကော မျက်နှာမှာ တစ်ခုခုများပေနေသလား...?"

ရိပေါ်  သေချာကြည့်ရင်း

"ဟင့်အင်...ဘာမှမရှိပါဘူး... ကျန့်ကျန့် ရဲ့ "

"မသိပါဘူး...စောစောကကောင်လေးတစ်ယောက်
ကောမျက်နှာကိုသေချာစိုက်ကြည့်နေလို့လေ
တစ်ခုခုများပေနေလားလို့..."

ရိပေါ်  ပါးဖောင်းလေးတွေရဲတက်သွားပြီး

"အာ...ကျန့်ကျန့်နော်...
ကျွန်...ကျွန်တော် မျက်နှာသစ်သွားတော့မယ် "

ရှက်ရမ်းရမ်းပြီး လှစ်ခနဲ အိမ်ထဲဝင်ပြေးသွားသောကောင်လေးနောက်ကြောကို ကြည့်ရင်း  ပြုံးနေမိသည်။

"ကလေးကရှက်တက်တဲ့အရွယ်ကိုတောင်ရောက်လာပေါ့ကို... "

မနက်စာစားပြီးသည်နှင့် လာရင်းကိစ္စကိုပြောရတော့သည်။

Sugar man & Canday Boy{Unicode & Zawgyi}CompleteWhere stories live. Discover now