Sugar & Candy (Part-26) Z

5.3K 246 13
                                    


ညက  ဧည့်သည်တွေနဲ့မိတ်ဆက်ပေးနေရာက ညဥ့်နက်သွားတာမို့  ကလေးပေါက်လေး တရှုးရှုးနဲ့ အိပ်မောကျနေလေရဲ့   ထုံးစံအတိုင်းဆံပင် လေးတွေကိုသပ်ကာ ပါးမို့မို့လေးကို နစ်ဝင်နေအောင်နမ်းရင်း

"အသည်းပေါက်လေး  မျက်လုံးလေးအစ်နေတော့မယ်ထင်ပါ့ကွာ "

နှာခေါင်းလေးနစ်ဝင်သွားတဲ့ ပါးဖောင်းဖောင်းလေးကို အသည်းယားပြီးဆွဲမိတော့

"အင်~~~ကိုကို"

အကျီလေးကိုဆွဲပြီး  ရင်ခွင်ထဲပိုတိုးလာတဲ့ အကောင်ပေါက်လေး  ခါးလေးကို တင်းနေအောင်ပြန်ဖက်လိုက်ရင်း

"ချွဲလိုက်တာကွာ"

ရင်ခွင်ထဲက မျက်စောင်းကလေးနဲ့ မော့လာပြီး

"ဘာဖြစ်လဲ ကိုကိုမကြိုက်ဘူးလား"

"အင်း~"

"ဘာ!"

ရိပေါ်နှာခေါင်းလေးကို ဆွဲကာ ညှစ်လိုက်ရင်း

"မကြိုက်ဘူး  ချစ်တာ ကလေးလေးလေးကို"

"ဟီးး~~"

"မျက်နှာသစ်တော့ ကိုယ်မနက်စာပြင်ပေးထားမယ်"

"ဟုတ်"

"လိမ္မာတယ် "

"ကိုကို့ ကလေးပဲ"

ရှောင်ကျန့်  နှုတ်ခမ်းချွန်ချွန်လေးကို ပြွတ်ခနဲနေအောင် နမ်းလိုက်ရင်း

"ကိုယ့် ကို အသည်းယားအောင်မလုပ်နဲ့တော့"

ရှောင်ကျန့် မနက်စာပြင်ပြီးသည်ထိ ကလေးပေါက်က ရေချိုးခန်းထဲကထွက်မလာသေး

ရေချိုးခန်းတံခါးကိုခေါက်လိုက်ရင်း

"ကလေးရေ ကြာနေပြီနော် "

"ပြီးပြီ ကိုကို! ခဏ"

အောက်ပိုင်းကို ပုဝါ ပတ်ပြီးထွက်လာတဲ့သူလေးကို မျက်နှာသုတ်စောင်လေးခြုံပေးရင်း

"အအေးမိနေမယ် ကလေးရဲ့ ဘာလို့ရေချိုးတာလဲ"

"မနေ့ထဲက လူကပင်ပန်းသလိုဖြစ်ပြီး ခေါင်းနည်းနည်းနောက် နေလို့ပါကိုကိုရဲ့ "

မှန်တင်ခုံရှေ့မှာထိုင်စေကာ  ခေါင်းကိုသုတ်ပေးနေရင်းက ပြာကရာ နဖူးလေးကိုစမ်းကာ

Sugar man & Canday Boy{Unicode & Zawgyi}CompleteWhere stories live. Discover now