Sugar & Candy(Part-1) Z

12.7K 416 22
                                    

"ဒေါက်- ဒေါက်"

"ဝင်ခဲ့"

"သူဌေး အိမ်တော်ထိန်းယွီ ကတွေ့ခွင့်တောင်းနေပါတယ်"

"ကောင်းပြီ:ဝင်လာခိုင်းလိုက်"

အိမ်တော်ထိန်းယွီသည် အရေးကြီးအကြောင်းရာမရှိပါမူ ကုပ္မဏီကိုမလာတက်

"ဉီးလေးယွီ ကျွန်တော်ရှာခိုင်းတဲ့ ကိစ္စ အကြောင်းထူးလို့လား ?"

"ဟုတ်ကဲ့ သခင်လေး " စကားဆုံးသည်နှင့် ရှောင်ကျန့်မျက်လုံးများအရောင်လက်သွားသည်နှယ် မြန်မြန်ဆန်ဆန်ပင် အိမ်တော်ထိန်း ယွီဆီမှ အချက်အလက်များကိုယူကြည့်မိသည်

"ဉီးလေးယွီ ကျွန်တော့်ကို ခုချက်ချင်း သွားနိုင်အောင်စီစဉ်ပေးပါ"

"သခင်လေး ခုချက်ချင်းတော့သွားလို့ အဆင်မပြေပါဘူး"

"ဘာလို့လဲ"

"ရေလမ်းအတိုင်း သွားရမှာမို့ သခင်လေးအတွက် စိတ်ပူလို့ပါ "

စောစောကစိတ်အားထက်သန်နေရာမှ ရေခရီးဟုကြားယုံဖြင့် ရှောင်ကျန့် မျက်နှာပျက်သွားသည်

"ဒါပေမဲ့ ကျွန်တော် မဖြစ်မနေသွားမှ ရမယ် ဉီးလေးယွီ
ကျွန်တော့်အတွက် ဘယ်လောက်အရေးကြီးတယ်ဆိုတာ
ဉီးလေးယွီသိပါတယ်"

"ကောင်းပါပြီ သခင်လေး ကျွန်တော်အားလုံးအဆင်သင့်ဖြစ်တာနဲ့ သခင်လေးကို အကြောင်းကြားပါ့မယ်"

အိမ်တော်ထိန်း ယွီ ရုံးခန်းထဲမှထွက်သွားသည်နှင့်

ရှောင်ကျန့် ထိုင်ခုံပေါ် ထိုင်ချလိုက်ကာ ဖြစ်လာတော့မည့် အနာဂါတ်ကို တွေးကာ ပြုံးနေမိတော့သည်/

ရုံးခန်းထဲမှ ထွက်လာသော အိမ်တော်ထိန်းယွီသည်လည်း
မျက်နှာမကောင်းပေ မိဘများမရှိတော့သည်မှစ၍
ရှောင်ကျန့် ကို ကြည့်ရှုစောင့်ရှောင့်လာ ခဲ့သည်မှာ မိမိတစ်သင်ပင် ဖြစ်သည် ငယ်စဉ်အခါက ဖြစ်ပျက်ခဲ့သောဖြစ်ရပ်တစ်ခုကြောင့် ရေပြင်ကျယ်ဆိုရင် စေ့စေ့ပင်မကြည့် ရဲသည့်ကလေးအတွက် သက်ပင်းပင်ချမိနေသည်

မိဘများဆုံးသွားသည်နှင့် မိဘပိုင်ဆိုင်ခဲ့ သော လုပ်ငန်းအားလုံးရဲ့တာဝန်ကို အရွယ်နှင့်အမျှအောင် တာဝန်ယူ ခဲ့ရသည် တာဝန်လည်းကျေခဲ့သည် မိဘများဆုံးသွားသည်နှင့် အရယ်အပြုံးနည်းကာ အလုပ်စကားမှကျန်တာမပြော တစ်ခါတစ်ရံ သူ့အတွေးနှင့်သူ မှိုင်နေတက်သည်

Sugar man & Canday Boy{Unicode & Zawgyi}CompleteWhere stories live. Discover now