Sugar & candy (Part-13)U

7.9K 506 7
                                    

ခဏကြာတော့ ရှောင်းကျန့်ပြန်ရောက်လာသည်။

"ရှောင်းကျန့်   နောက်ကျနေပြီ ငါပြန်တော့မယ်  ဒီကောင့်ကိုငါပဲပြန်ပို့လိုက်တော့မယ်  "

"အေး အာ့လိုပဲလုပ်ရမှာပဲ"

ရှောင်းကျန့်စီက ရှီးချန်ကိုယူပြီးတွဲလိုက်သည်။

"ရိပေါ်    ကျဲတို့သွားတော့မယ် ကျဲပြောတာယုံဟုတ်ပြီလား  နောက်မှတွေ့မယ်"

"ဟုတ်"

ရှောင်းကျန့်ရိပေါ်ဘေးကိုထိုင်ကာ  လက်ထဲကအရက်ခွက်ကိုဆွဲယူရင်း

"ကလေး  ကိုယ်တို့ရောပြန်ကျတော့မလား?"

"ဟုတ်"

ရိပေါ်ခေါင်းလေးကိုငုံ့၍သာထားသည် ။ မေးလေးကိုဆွဲကာမော့စေကာ

"ကြည့်ပါအုန်းကွာ မျက်နှာလေးကိုရဲနေတာပဲ  ကိုယ်တို့ပြန်ရအောင်နော်  ထ"

အပြန်လမ်းကကားပေါ်မှာ ၂ယောက်လုံးတိတ်ဆိတ်နေသည်။

"ကိုကို"

"ဟင်!"

"ကားခဏရပ်ပေး"

"ဘာဖြစ်လို့လဲကလေး အန်ချင်နေလို့လား?"

ရိပေါ်ခေါင်းရမ်းပြရင်း

"လမ်းလျှောက်ချင်လာလို့"

ရိပေါ်မျက်နှာညိုးနေတာသိတော့ဆက်မမေးတော့ပဲ  ကားကိုလမ်းဘေးကပ်ရပ်လိုက်ပြီးတံခါးကိုအပြေးသွားလှပ်ပေးလိုက်ရင်း  ကြက်တောင်စီးလေးနဲ့ကလေးလေးရဲ့ လည်ပင်းကို မာဖလာလေးပတ်ပေးလိုက်သည်။

ဆောင်းဝင်ပြီဖြစ်တဲ့ ဥတုမှာ ညနက်လေအေးလေဖြစ်နေသည်။

နှစ်ယောက်သား ချယ်ရီပင်တန်းလေးမှာလမ်းလျှောက်ရင်း  တိတ်ဆိတ်နေ၏။

"ခဏပဲနော် ကလေး ခြေထောက်ဒဏ်ဖြစ်မှာဆိုးလို့"

"ဟုတ်"

"ကိုယ့်ကိုမေးစရာမရှိဘူးလား?"

"ဟင့်အင်"

ပြန်ဖြေလိုက်တဲ့အသံလေးမှာ သိမ်ဝင်သွား၍  ရှောင်းကျန့် ရိပေါ်ပုခုံးလေးကိုင်ကာ  မျက်နှာချင်းဆိုင်စေရင်း

"ကလေး ငိုနေတယ် ရှီးချန်ပြောတဲ့ကိစ္စကြောင့်လား   ဟင်?"

"မျန်မျန်ကျဲက ပြောလို့အားလုံးသိပြီးပါပြီ  ဒါမဲ့ ကိုကို့ချစ်သူလို့ကြားတော့ ကျွန်တော့်စိတ်ထဲမှာနေလို့မကောင်းဘူး"

Sugar man & Canday Boy{Unicode & Zawgyi}CompleteTempat cerita menjadi hidup. Temukan sekarang