ခုရက်ပိုင်းအတွင်း ကျွန်တော့်ကလေးလေးအရမ်းလိမ္မာလာတယ်ဗျ။
ရှောင်ကျန့် ရုံးသွားရန်ပြင်ဆင်နေစဉ်
"ကိုကို"
"ဟင် !"
ရှောင်ကျန့်ရင်ဘတ်ကအကျီကြယ်သီးလေးတွေကို လာတပ်ပေးရင်း မျက်လုံးလေးက ရှောင်ကျန့်ကိုခိုးခိုးကြည့်နေသည်။
"ကိုယ့်ကို ဘာပူဆာမလို့လဲ?"
"ဟိ ကိုကိုသိနေတယ်ပေါ့"
"အွန်း"
"ဟိုလေ ဒီနေ့ သင်တန်းဆင်းပွဲရှိတာလေ "
စကားကို ဆက်မပြောပဲဝေ့နေတဲ့ကလေးလေး
"အာ့တော့ ကလေးကသွားချင်တယ်ဆိုပါတော့"
"ဟုတ် "
"ဘယ်အချိန်လဲ?"
"ည ၈နာရီ"
"ဟင် ည၈နာရီဆို အားလုံးပြီးရင် ၁၁/၁၂လောက်ရောက်သွားမှာပေါ့ကလေးရဲ့ အာ့အချိန်ထိ ကိုယ်စိတ်မချဘူး
နောက်ပြီး ကလေးတို့က သောက်ကျစားကျအုန်းမှာနဲ့"ရိပေါ် ရှောင်ကျန့်လည်ပင်းလေးကိုလက်လေးနဲ့ ဆွဲဖက်လိုက်ရင်း
"ကိုကို ကလည်း ကလေးမှ အာ့လိုပွဲတွေမသွားဖူး သွားကြည့်ချင်တာပေါ့ နော်ကိုကို"
"ကိုယ်စိတ်မချဘူး"
"ကိုကိုကလည်း ကလေးကကိုကိုစိတ်ပူရအောင်မလုပ်ပါဘူးနော် တစ်ခါထဲပါနော် "
ရှောင်ကျန့်ငြင်းမရမှန်းသိသည် ။
ဖြစ်နိုင်ရင်သူပါလိုက်သွားချင်မိ၏။သို့သော် ဒီရက်ပိုင်းအတွင်း ရှယ်ယာရှင် အစည်းအဝေးရှိ၍ ညနက်သည်ထိ အလုပ်ဆင်းနေရသည်။"ဟင်းးးသေချာလား? ကိုယ်စိတ်မပူရဘူးဆိုတာ"
"ဟုတ်"
"အင်း ဒီတစ်ခါတော့ခွင့်ပြုလိုက်မယ် "
"ယေး အာ့မလို့ ကိုကို့ကိုချစ်တာ မွမွ ကလေးမျက်နှာသစ်လိုက်အုန်းမယ် ကိုကိုစောင့်နေနော်"
ကျွန်တော့်ကိုအလိုလိုက်လွန်းတယ်လို့တော့မပြောနဲ့ဗျ ကျွန်တော်က ကလေးပြုံးနေတာလေးပဲမြင်နေချင်တာကို။ ဒါတွေ ခင်ဗျားလေးတို့မသိပါဘူး တွေးကြည့်မနေနက်။
![](https://img.wattpad.com/cover/205219842-288-k244094.jpg)
YOU ARE READING
Sugar man & Canday Boy{Unicode & Zawgyi}Complete
פנטזיהXiao Zhan -seme Yibo -uke (Zhanyi)