Sugar & Candy (အခန်း32)U

5.5K 345 67
                                    

"ကလေးအဆင်သင့်ဖြစ်ပြီလား ?"

ဟင်းအပေါ့အငံမြည်းနေတုန်း နောက်ကနေသိုင်းဖက်လာတဲ့ ကိုကို​။

"ပြီးတော့မယ် ကိုကို pancake လေးပဲကျန်တော့တယ်"

လည်တိုင်ဘေးက မှဲ့လေးကို တတိတိ နမ်းနေတော့
ရိပေါ် ခေါင်းလေးစောင်းကာ

"ကိုကို့ ဖယ်အုန်းလေ တော်ကြာ ရှီးချန်ကောတို့ လာရင်မပြီးပဲနေမယ်"

"အချိန်ရပါသေးတယ် ကလေးရဲ့ ပြွတ်စ်!"

နားနောက်လေးကို လျှာနဲ့ထိုးနေတော့

"ဟ...ဟ ကိုကို့...ယားတယ်လို့.... "

ရိပေါ် ရှောင်းကျန့်ရဲ့ လည်တိုင်ကို နောက်ပြန်လှန်းကိုင်ရင်း

"တော်တော့လို့ ကျွန်‌ေတာ်အကျီလဲရအုန်းမယ် လွှတ်!"

"ကိုယ်လိုက်ပို့မယ်"

ပိုရန်ကောဆိုပြီး မျက်စောင်းကလေးသာလှန်းထိုးသည်။

5;00PM

"ရှီးချန်လာ မျန်မျန်ရော်?"

"နောက်မှာပါပါ့ "

စကားဆုံးတာနဲ့ အိမ်ထဲဝင်လာတဲ့မျန်မျန်

"ရှောင်းကျန့်! ဘယ်သူပါလာလဲကြည့်စမ်း"

မျန်မျန်နောက်ကပါလာတဲ့ ဆံပင်အဝါ အုပ်အုပ်ကလေးကိုမှ မျက်လုံးအပြာရောင် ဖြူစပ်စပ်ဆယ်ကျော်သက်ကောင်လေး

ရှောင်းကျန့် မျက်မှောင်ကြုံ့ကြည့်ရင်း

ထိုကောင်လေးစီက

" Zhan gege ကျွန်တော့်ကိုမမှတ်မိဘူးလား?"

"အင်........."

စမ်းတစ်ဝါးဝါး ဖြစ်နေတဲ့ ရှောင်းကျန့်ကို မျန်မျန်မျက်စောင်းထိုးလိုက်ရင်း

"ကျူးဖန့် ဟဲ့ ကျူးဖန့် တစ်ကယ်ထဲ"

"ဟမ် ! ဖန့်ဖန့် ?"

ကျူးဖန့် ရှောင်းကျန့်ကို အပြေးလေးလာဖက်ကာ

"Zhan gege ကိုစိတ်ဆိုးတယ် ကျွန်တော်ကိုမမှတ်ဘူးဟွင့်!"

"ကော တောင်းပန်ပါတယ်ကွာ ဖန့်ဖန့်က အရင်ကနဲ့မှမတူတော့တာကွ ကြည့်ပါအုန်းထွားလာလိုက်တာ"

Sugar man & Canday Boy{Unicode & Zawgyi}CompleteNơi câu chuyện tồn tại. Hãy khám phá bây giờ