ရိပေါ်အခန်းထဲမှာ မိတ်ကပ်လိမ်းနေစဉ် လက်နှစ်ဖက်ကို ကျစ်ကျစ်ပါအောင်ဆုပ်ထားရင်း ဘေးနားကရပ်ကြည့်နေတဲ့ မျန်မျန့်ကို
"ကျဲ ~ကိုကို ရောဟင်"
"ရှောင်ကျန့်က ဟိုဘက်အခန်းမှာ ပြင်နေPပေါ့ရိပေါ်ရဲ့ ဘာလဲ လွမ်းနေပြီလား?"
"ဟီး ဟို ကိုကို မနိုးသေးမှာဆိုးလို့"
မျန်မျန့်က ပြုံးစိစိနဲ့ကြည့်နေတော့ ရိပေါ် လည်ပင်းလေးကိုအသာပွတ်ရင်း ခေါင်းလေးငုံသွားသည်။
ညကလည်း မနက်အတွက်ရင်ခုန်နေတာနဲ့ ၂ယောက်လုံးအိပ်မပျော် ခုလည်း ၂နာရီထိုးကထဲက မိတ်ကပ်လိမ်းရမယ်ဆိုပြီး မျန်မျန်ကျဲကရောက်လာတော့ မျက်နှာသစ်ကာ တစ်ဖက်ခန်းကို လိုက်လာရသည် ။ ကိုကိုကအိပ်မောကျနေတာမို့မနိုးခဲ့ပေ။
တစ်ဖက်ကရှောင်ကျန့်ကတော့
"ရှောင်ကျန့်!!!!!!!!!!!"
~ဝုန်းး~
"ဟင် ဟင် ဘာဖြစ်တာလဲ "
လက်ကလဲ ဘေးက ကလေးကိုစမ်းတော့ မတွေ့
ရှီးချန်အသံ နဲ့တင် အိပ်ချင်ပြေရာက ဆံပင်မွေးတွေပါထောင်လာသလိုပဲ"ရှီးးရှီးချန် ကလေးရော"
"မင့် လင့်လေးက ပြင်နေပြီ မသာကောင် မင်္ဂလာဆောင်မှာကိုတော့သတိရရဲ့ လား ကုလားသေကုလားမော အိပ်နေတာကို"
"အိုက်ယား ဘယ်နှာရီရှိပြီလဲ ?"
"၅နာရီ!"
"ဘာ! မင်းခုမှနိုးရလား "
ပြောရင်း ခေါင်းစုပ်ဖွားနဲ့ အခန်းအပြင်ဘက်ထွက်တော့မဲ့ ရှောင်ကျန့်ကို အတင်းဆွဲရင်း
" ဒါ ဒါက ဘယ်တုန်းဟ"
"ကလေးစီလေ"
"မျက်နှာသစ်အုန်း နောက်ပြီးသွားလို့မရသေးဘူး"
"ဟမ်! ဘာလို့တုန်း"
"မျန်မျန် ပြောထားတယ် မင်္ဂလာချိန်မှ တွေ့ရမယ်တဲ့ ငါတောင်စောစောက ရိပေါ်လေးကြည့်ချင်လို့ဝင်တာ အတင်းနှင်ပြီး အခန်းလော့ချထားတယ်"
"ဘာ!!!!!!! ငါ ကလေးကို အိပ်ယာနိုးထဲက မတွေ့ရသေးဘူးလေးကွာ "
"မင်းဘာသာသေနေတာလေ"
JE LEEST
Sugar man & Canday Boy{Unicode & Zawgyi}Complete
FantasyXiao Zhan -seme Yibo -uke (Zhanyi)