Sugar&Candy(Part-63)final

7.4K 423 90
                                    


"ရိကျန့်...!!"

အောက်ထပ်ဆင်းလာတာနဲ့  လှေကားပေါ်ကနေကြားနေရတဲ့  ကျန်းချန်ကောအသံ

"ခစ်ခစ်..."

ပါးလေးတွေမို့တက်ကာ
သွားလေးတွေပေါ်အောင်ရယ်နေတဲ့
၂၆လသားလေးနဲ့ရိကျန့်ကို  ဘယ်သူမှ  ကြာကြာ
စိတ်မတိုနိုင်ဘူး။

ခုလည်း ဧည့်ခန်းကစားပွဲပေါ်မှာ
ဟင်းချက်ပစ္စည်းကစားစရာတွေအပြည့်နဲ့ 
ပေါက်ကရတွေ  ချက်ပြီး  ကျန်းချန်ကောကို 
အတင်းကျွေးနေလေရဲ့ဟိုကလည်း  ရိကျန့်ရိကျန့်နဲ့သာအော်နေတာ စားရှာသည်။

ရိပေါ်အနားရောက်တော့  ပန်းသီးလေးကိုကော်ခက်ရင်းနဲ့ထိုးပြီး

"ပါ့ပါး...ပါ့ပါး..!စားစား..."

"အာ...ပါးပါးသားကလိမ္မာလိုက်တာ..."

"ဟီးး..."

"ကျန်းချန်ကော...
သားကိုဖြည့်စွက်စာကျွေးပြီးပြီလား...မပြီးသေးရင်
ကျွန်တော်  မနက်စာစားရင်းကျွေးလိုက်မယ်...?"

"ပြီးပါပြီရိပေါ်ရယ်...နိုးကထဲက  တောင်းနေတာနဲ့ကျွေးလိုက်ပေါ့..."

"ယေးယေး...အာ..."

"အာ..."

"ကော!...ငရုတ်သီးကြီး..."

"မစားလို့မှမရတာ...ရေ...ရေလေးပေးပါအုန်း..."

"ခစ်ခစ်..."

ကျန်းချန်ငရုတ်သီးစပ်တာကို  သဘောကျနေတဲ့ရိကျန့်သားက သူစိမ်းဆိုရင်လွယ်လွယ်မရင်းနှီးပေမဲ့
အနီးနားက လူတွေကိုတော့  အကျီစားသန်တယ်

"သားသား...လေးကျန်းကို မစရဘူးလေ..."

လက်တုတ်တုတ်ကလေးနဲ့  ကျန်းချန်ကောရဲ့
မျက်နှာကိုကိုင်ပြီး

"ယေးယေးကျန်း...အူမွ...ဘူး..."

"ယားးး!...ရိကျန့်  တံတွေးတွေ..."

"ဟား...ဟား..."

"ရီပါရီပါ...သားအဖနှစ်ယောက်  လိုက်လည်းလိုက်တယ်...သူဌေးရော...ဆင်းမလာသေးပါ့ပဲ..."

"စောသေးလို့မနိုးခဲ့တာ...သွားနိုးလိုက်အုန်းမယ်...
သားရေ...ဒယ်ဒီစီကိုလိုက်မလား..."

"လိုက်ဝူး...ယေးယေး...အာ..."

အတင်းခွန့်နေတာက  ကစားဖို့ဝယ်ပေးထားတဲ့သဲတုတွေ

Sugar man & Canday Boy{Unicode & Zawgyi}CompleteWhere stories live. Discover now