လွမ်းနေခဲ့တာလို့ တစ်ဖွဖွပြောရင်း ရိပေါ်ခါးလေးကိုဖက်ကာအိပ်ပျော်သွားတဲ့ ရှောင်ကျန့်ရယ်ပါ။
ရိပေါ် မခြောက်သေးတဲ့မျက်ရည်တွေကို ဖွဖွသုပ်ပေးပြီး ခေါင်းလေးကိုငုံ့နမ်းကာ
"ချစ်တယ်ကိုကို အရမ်းပင်ပန်းခဲ့တယ်မဟုတ်လား"
ရိပေါ်လည်း ခေါင်းအုံးကိုမှီကာ ဆံပင်ထဲကို လက်လေးအသာထိုးဆွပေးရင်း မျက်နှာချောချောလေးကို ငေးကြည့်နေမိသည်။
ကိုကိုမျက်နှာလေးချောင်သွားတယ် မျက်နှာဖွေးဖွေးထက်မှာက မုတ်ဆိတ်မွေးလေးတွေကပေါက်လို့။"မုတ်ဆိတ်မွေးလည်း မရိတ်ဘူး "
မုတ်ဆိတ်မွေးငုတ်စိတွေကိုစမ်းရင်း လက်ကနှုတ်ခမ်းအောက်ကမှဲ့လေးစီ ။
"ကိုကို ကျွန်တော်အရမ်းကံကောင်းတယ်သိလား ?"
"ဟုတ်လား?ဘာလို့လဲ"
နှုတ်ခမ်းအောက်ကမှဲ့လေးကိုကိုင်နေတဲ့လက်လေးတုန်တက်သွားသည်။ ရိပေါ်နှုတ်ခမ်းလေးဆူရင်း
"အဲ့ ကိုကိုကျွန်တော့်ကြောင့်နိုးသွားတာဟုတ်လား?"
"ကိုယ့်မျက်နှာပေါ်မှာ ပုရွတ်ဆိတ်လေးဖြတ်လျောက်နေတာကို နိုးတော့တာပေါ့"
"ဟီးးး "
"ပြောပါအုန်း ကလေးကံကောင်းရတဲ့အကြောင်းလေးကို"
"မသိဘူးလား ဝမ်ရိပေါ် ဆိုတဲ့ကျွန်တော်က ရှောင်ကျန့် ကောကောရဲ့ အချစ်တွေကိုအပိုင်ရလို့ပေါ့ "
"အတက်လေး ကိုယ်ကိုချစ်လား?"
"ဖြေစရာလိုသေးလို့လား?"
"အင်းးကိုယ်မကြားရတာဘယ်လောက်ကြာပြီလဲ"
"ချစ်တာပေါ့ ဒီလူကြီးကို..... ဟ.. ဟ.. ယားတယ်ကိုကို ကိုကိုလို့ ခီခီ"
ရှောင်ကျန့် ရိပေါ်လက်လေးကို ကိုင်လည်း မုတ်ဆိတ်မွေးတွေနဲ့ ပွတ်နေခြင်းပင် ။ တခစ်ခစ်ရယ်နေတဲ့ ကလေးလေးကို ကြည့်၍ရှောင်ကျန့်အသည်းယားလှသည်။
"ကိုကို အိပ်ရေးမဝသေးရင်းထပ်အိပ်လေနော် ဟိ ကိုကို လွှတ်တော့ဆို ဟ.... ဟ.."
YOU ARE READING
Sugar man & Canday Boy{Unicode & Zawgyi}Complete
FantasyXiao Zhan -seme Yibo -uke (Zhanyi)