Sugar & Candy (Part-27) U

7K 382 35
                                    

အိပ်ယာပေါ်မှာ ပျင်းကြောဆန့်ရင်း ရေချိုးခန်းထဲဝင်သွားတဲ့ ရှောင်းကျန့်ကိုစောင့်နေလိုက်သည် ထွက်လာရင်မျက်နှာသစ်ခိုင်းရအောင်လို့

~တင်!~

ခေါင်းအုန်းဘေးကဖုန်းယူကြည့်တော့  new story update ဆိုပြီး noti တက်လာသည်။ ရိပေါ် devil ပြုံးပြုံးပြီး  ဝုန်းခနဲပဲ  စောင်ခြုံထဲကို  ။

ရှောင်းကျန့်   မျက်နှာသစ်ပြီးထွက်လာတော့  စောင်ခြုံထဲကလုံးလုံးကလေး တစ်လှုပ်လှုပ်နဲ့ ဘာတွေလုပ်နေတယ်မသ်ိ

ခုတင်ပေါ် တင်တလွဲထိုင်ကာ စောင်ကိုဆွဲရင်း

"ကလေး မျက်နှာသစ်တော့လေကွာ"

"ဟိ ကိုကို ခဏလေးပဲ ဟိ"

"ဘာတွေသဘောကျနေတာလဲကွ"

စောင်ကို ဖိထားတော့ဆွဲလို့မရ မရတဲ့အဆုံး  စောင်ကိုမကာအထဲအတင်းဝင်တော့ 

"အားးး!ကိုကိုးး"

ပြူးတူးပြာတာလေးနဲ့ အော်ရင်း ဖုန်းကိုဖင်အောက်ခုချနေရဲ့

"ဘာဖြစ်တာလဲ ကလေးရဲ့ ကိုယ်မသိအောင်ဘာမဟုတ်တာတွေလုပ်နေလဲဟင်?"

"မ မလုပ်ပါဘူးကိုကိုရဲ့ "

ရှောင်းကျန့် စောင်ကိုဖယ်လိုက်တော့ စောင်နဲ့အတူကပ်ပါလာတဲ့ ဆံပင်လေးက ဖွာခနဲ မျက်နှာအစ်အစ်ကလေးကလည်း ရဲလို့  တကယ်ကိုချစ်စရာလေး

"ဖုန်းပြ"

"ဟမ်!"

"ကိုယ့်ကို ကလေးဖုန်းပြလို့"

ဖင်အောက်ခုထိုင်ထားတဲ့ဖုန်းလေးကို လက်နဲ့ပါကိုင်ထားလိုက်ရင်း

"ဘာမှမလုပ်ပါဘူးကိုကိုရဲ့ သူငယ်ချင်းနဲ့စကားပြောနေတာ"

ရှောင်းကျန့်   မျက်မှောင်ကျုံ့လိုက်ရင်း

"ဘယ်သူငယ်ချင်းလဲ ကိုယ်သိလို့မဖြစ်တဲ့စကားတွေမလို့လား?"

ပြောပြီး  ခုတင်ပေါ်က ဆင်းဖို့ပြင်နေတဲ့ကိုကို

လိမ်လိုက်ခါမှ စိတ်ပါဆိုးတော့တဲ့ကိုကိုရယ်ပါ
ရိပေါ်   ကိုယ့်ကိုယ်ကို ကျိန်ဆဲလိုက်ရင်း

Sugar man & Canday Boy{Unicode & Zawgyi}CompleteWhere stories live. Discover now