Sugar & Candy(Part-3)U

12.5K 685 5
                                    

"ကျန့်ကျန့် ...ကျန့်ကျန့် "

လှိုင်းမူးသည်ဆိုပြီးအိပ်ပျော်နေသော ရှောင်းကျန့်ကိုလှုပ်နှိုးနေခြင်းဖြစ်သည် ။အိမ်တော်ထိန်းယွီလည်း

"ဘာအလိုရှိလို့ပါလဲ...ဝမ်သခင်လေး..."

"သား ရှုးပေါက်ချင်လို့ ..."

အိမ်တော်ထိန်းယွီ တော်တော်တက်နိုင်တဲ့ကောင်လေး ကိုရယ်ရင်း

"လာ...ဦးလေးယွီလိုက်ပို့မယ်နော် "

"ဟုတ်..."

ရှောင်းကျန့်  ခေါင်းအနည်းငယ်ကြည်လာ၍
မျက်လုံးဖွင့်ကြည့်တော့  ရိပေါ်ကိုမတွေ့

"ရိပေါ် ...ရိပေါ်... ဦးလေးယွီ... "

ထိုချိန်စက်လှေအတွင်းတံခါးကိုဖွင့်ပြီး ဝင်လာတဲ့ရိပေါ်

"ကျန့်ကျန့်...သားဒီမှာ"

နောက်မှာ ဦးလေးယွီလည်းကပ်ပါလာမှ
ရှောင်ကျန့်စိတ်အေးရသည်။

"ကလေးက ဘယ်တွေသွားနေတာလဲ...ကောကစိတ်ပူနေတာ..."

"ရှုးပေါက်ချင်လို့ပေါ့...ကျန့်ကျန့်ကိုနိုးသားပဲ 
ကျန့်ကျန့်ဘာသာအိပ်နေတာ  "

မျက်စောင်းလေးခဲ ကာပြောနေသည်မှာ  ချစ်စဖွယ်အတိ

"ဟုတ်ပါပြီကွာ...ကောမှားပါတယ်"

ရှောင်းကျန့်ပေါင်ပေါ်  ခေါင်းအုံးလိုက်ရင်း

"ဒီခါကျန့်ကျန့်အလှည့် သားအိပ်မလို့ "

"ဝမ်သခင်လေး...ဦးလေးနားအိပ်လှည့်ပါလား"

ရှောင်ကျန့် ကိုစိတ်ပူ၍ ပြောခြင်းဖြစ်သည်။

"ကျွန်တော် အဆင်ပြေပါတယ်ဦးလေးယွီ...
ခဏနေရောက်တော့မှာပဲ"

...........

"ကလေး...ကောတို့ရောက်ပြီ ထတော့နော် "

အိပ်မှုန်စုံဝါးလေးနဲ့ကုန်းရုန်းထပြီး

"ဟင်...အင်းအင်း.."

ရှောင်ကျန့်တို့ ကမ်းပေါ်ရောက်သည်နှင့် အဆင်သင့်စောင့်နေသော ကားပေါ်တက်ကာ  ရှောင်းအိမ်တော်ကိုပြန်လာကြသည်။

Sugar man & Canday Boy{Unicode & Zawgyi}CompleteWhere stories live. Discover now