ရိပေါ်ကို ဆေးရုံမှာ၁လအကြာကုသပြီး အိပ်ပြန်ခေါ်ခဲ့သည်။ကလေးလေးကတော့ ငြိမ်သက်နေဆဲပါပဲ ရိပေါ်ကိစ္စမှန်သမျှကို ရှောင်ကျန့်ကိုယ်တိုင်ပင်လုပ်ပေးသည်။
လီလီတို့ကလုပ်ပေးမည်ပြောလည်းမရ။ ကုမ္ပဏီကိုလည်းမသွားသည်ကများသည်။ အလုပ်တွေကို ငြိမ်ငြိမ်လေးလဲလှဲနေတဲ့ ကလေးဘေးနားလေးမှာပဲ လုပ်လေ့ရှိသည်။
နေ့စဉ် အပြင်ကရာသီဥတု အခြေအနေကိုလည်းပြောပြဖို့ကိုပြောပြဖို့မမေ့။ လက်ကလေးကိုကိုင်ကာ ရိပေါ်မျက်နှာလေးကိုတစ်စိမ့်စိမ့်ကြည့်ပြီး မျက်ရည်ကျတက်သူလေး။ အသံတိတ်လည်းငိုတက်သေးသည်။ ငိုသံကြားရင် ကလေးဝမ်းနည်းမှာဆိုးလို့တဲ့။
တစ်ခါတစ်ရံ ကဗျာကလေးတွေ ပုံပြင်ကလေးတွေ ဖတ်ပြနေတက်သည်။
အရင်ကရိပေါ်ကြောင့်ပြုံးရွှင်ခဲ့တဲ့နှုတ်ခမ်းလေးလဲ ပျောက်ကွယ်သွားလေပြီ။ သူ့ကလေးလေးကို စကားပြောနေချိန် ကလွဲရင် တခြားသူအဖို့ မြင်ဖို့ရာခက်ခဲလှသည်။
ရှောင်ကျန့် ပြတင်းပေါက်မှ အပြင်ကိုငေးကြည့်ရင်း
"ကလေး အပြင်မှာနှင်းတွေကျနေတယ်သိလား ဒါပြီးရင် နွေးဉီးကိုရောက်တော့မယ် ကလေး"
"ဒေါက် ~ဒေါက်"
"ဝင်ခဲ့ပါ"
မျန်မျန် ဝင်လာပြီး မျက်နှာလေးချောင်ကျပြီးမုတ်ဆိတ်မွေးရေးရေးတွေ ပေါက်နေတဲ့ ရှောင်ကျန့်ကိုမြင်တော့ စိတ်မကောင်းလှ
"ရှောင်ကျန့် ရိပေါ်အခြေအနေထူးသေးလား?"
ရှောင်ကျန့်ခေါင်းလေးသာ အသာရမ်းပြသည်။
မျန်မျန်သက်ပြင်းချလိုက်ရင်း
"ရှောင်ကျန့်ရယ် ကိုယ့်ကိုကိုလည်းဂရုစိုက်ပါအုန်းဟယ်
ရိပေါ် မကြာခင်ပြန်ကောင်းလာတော့မှာပါ ဆရာဝန်လည်းပြောထားတယ်လေ အချိန်ယူရမယ်လို့""ငါသိပါတယ်ဟာ ငါ ငါကလေးအသေးလေးမကြားရတာ ကြာ ပြီ ဟ"
ပြောရင်းအသံလေးတိပ်သွားပြီး မျက်လုံးထဲက မျက်ရည်လေးကလျောကနဲလိမ့်ဆင်းသွားသည်။
YOU ARE READING
Sugar man & Canday Boy{Unicode & Zawgyi}Complete
FantasyXiao Zhan -seme Yibo -uke (Zhanyi)