"ဖွားဖွား...ကြက်သားစွပ်ပြုပ်...
သောက်လို့ရပြီ...""အေးအေး...အားကျန့်ရော
သက်သာရဲ့လား...
ညကရောအိပ်ပျော်သွားရဲ့လား...?""ဆေးရှိန်နဲ့မို့ထင်တယ် အိပ်သွားတယ်ဖွားဖွား...
ခုထိမနိုးသေးဘူး...""နိုးပြီးဆေးတိုက်လိုက်အုန်းအားဝမ်...
ခရီးတွေဆက်တိုက်ဖြစ်နေတော့...
ပင်ပန်းတော့တာနေမှာ...""ဟုတ်..."
__
"အားဝမ်...သခင်လေးနိုးနေပြီ...
ခေါ်နေတယ်...""ဟုတ်ကျဲ...ဖွားဖွား...စွပ်ပြုပ်သောက်ထားနော်...
သား...ကိုကို့စီသွားအုန်းမယ်...""အေးအေး...သေချာဂရုစိုက်လိုက်အုန်း..."
________
ရှောင်ကျန့် အိပ်ယာနိုးလာပြီး
ဘေးကိုလက်စမ်းကြည့်တော့ ရိပေါ်ကမရှိ"ကလေး....ရိပေါ်..."
အကျီက ချွေးတွေရွဲနေတာမို့ ချွတ်နေတုန်း
ပန်းကန် ထည့်ထားတဲ့ဗန်းလေးကိုင်ပြီး ဝင်လာတဲ့
ရိပေါ်"ကိုကို..."
ဗန်းကိုချကာ အကျီကူချွတ်ပေးနေတုန်း
"ကလေးက...ဘယ်တွေသွားနေတာလဲ..."
"ဖွားဖွားနဲ့ ကိုကို့အတွက်စွပ်ပြုပ်လုပ်ပေးနေတာ..."
မျက်နှာက ချွေးတွေကို ပုဝါနဲ့သုပ်ပေးရင်း
"ဘာလဲ...ကိုကိုက ...ကလေးကိုလွမ်းနေတာလား..."
"လွမ်းလို့ပဲ...ဒီထိရောက်လာတာပေါ့ကွ..."
"ပြွတ်စ်!"
ချွေးတွေနဲ့ ကိုကို့နှုတ်ခမ်းက ချိုမနေဘူး
"ကိုကို...နေသာရဲ့လားဟင်...
ခေါင်းမူးသေးလား...
ချွေးတွေတအားထွက်ထားတော့
ခဏနေ ဓာတ်ဆားဖျော်ပေးမယ်နော်...""သက်သာပါတယ်ကလေးရဲ့...
ဒီလေါင်လေးနဲ့...ကိုယ်ဘာမှမဖြစ်ဘူး...""မနေ့ညက ကိုကို ဖျားပြီး...
ကယောင်ကတမ်းတြွေဖစ်နေတုန်းက...
ရိပေါ် ...အရမ်းလန့်သွားတာ...
ကိုယ်တြွေခစ်ခြစ်တောက်ပူနေတဲ့...
ကိုကို့ကိုလည်းအရမ်းသနားတယ်...ဖြစ်နိုင်ရင်
ကိုကို့အစားကျွန်တော်ပဲဖြစ်လိုက်ချင်တယ်..."
![](https://img.wattpad.com/cover/205219842-288-k244094.jpg)
ESTÁS LEYENDO
Sugar man & Canday Boy{Unicode & Zawgyi}Complete
FantasíaXiao Zhan -seme Yibo -uke (Zhanyi)