Sugar & Candy(Part-29)U

6.5K 371 25
                                    

ဥရောပနိုင်ငံမှာ လူအများအားကျရတဲ့မင်္ဂလာပွဲလေး
weiboတွေမှာလဲ ရှောင်းလူကြီးရဲ့မင်္ဂလာပွဲက
ပလူပြန်လို့

လက်ထပ်ခွင့်တောင်းတုန်းက လာခဲ့တဲ့လူတွေအပြင်
နောက်ထပ် ရိပေါ် မမြင်ဖူးသူတွေအများအပြားပင်

ခုလည်း ကိုကိုက အလုပ်ကြောင်းပြောရင်းစကားကျနေပြန်ပြီ ရိပေါ်လက်လေးကို ဆုပ်ကိုင်ထားဖို့တော့မမေ့ဘူး

ရိပေါ် ဘေးဘက်လေးရံကိုကြည့်လိုက်တော့
သူတို့နှစ်ယောက်ရဲ့ pre wedding ဓာတ်ပုံတွေရှေ့မှာ ဓာတ်ပုံရိုက်နေသူတွေ

မျန်မျန်ကျဲကိုတော့မတွေ့
ဦးလေးယွီကတော့ မင်္ဂလာချိန်ပြီးတာနဲ့တန်းပြန်သွားတယ် ရိပေါ်တောင်သေချာနူတ်မဆက်လိုက်ရဘူး

ရိပေါ် လက်ကလေးနဲ့အုပ်ပြီး သန်းလိုက်တော့

"ကလေး ပင်ပန်းနေပြီလား?"

"အွင်းး😞အိပ်ချင်တယ်"

ခေါင်းလေးငုံ့ကာ နှုတ်ခမ်းလေး မသိမသာချွန်ပြီးပြောလာတဲ့ကလေးလေး

ရိပေါ်လက်ကလေးကို ညှစ်လိုက်ရင်း
ရှေ့ကလူတွေကို နှုတ်ဆက်စကား​ပြောပြီး

"အ့ဆို ပြန်နားရအောင်နော် ကလေး"

"ဟုတ်"

"စီယန် !"

ဓာတ်ပုံရိုက်ပေးနေတဲ့စီယန် အပြေးလေးလာရင်း

"ရှောင်းကျန့်ကောကော ဘာအဆင်မပြေလို့လဲ?"

"ပြေတယ် ခုကော ပြန်တော့မယ် ရိပေါ်လေးပင်ပန်းနေပြီမလို့"

"လူ~လူ တွေမပြန်သေးဘူးလေ ကောရဲ့
ဧည့်ခံရအုန်းမယ်လေ "

ရှောင်းကျန့် အကျီလေးကိုဆွဲရင်း

"အိပ်ချင်နေပြီကိုကို ခြေထောက်တွေလည်းညောင်းတယ် ဟင့်!"

"ဟုတ်ပြီ ဟုတ်ပြီ အိပ်ရမယ်နော် မျန်မျန်နဲ့ရှီးချန်ကို ထားခဲ့မှာပဲလေ စီယန်ပဲအဆင်ပြေအောင်လုပ်လိုက်တော့နော်"

"အဲ...အဲ...~"

စီယန် ပြန်ပြောမယ်မှမကျန်သေး ရိပေါ်ကိုမချီရုံတစ်မယ် ခေါ်ပြီးထွက်သွားလေရဲ့

Sugar man & Canday Boy{Unicode & Zawgyi}CompleteWhere stories live. Discover now