Sugar & Candy(Part-53)U

5.2K 343 67
                                    

ရိပေါ်အိမ်ထဲဝင်ခါနီးပြန်လှည့်ကြည့်တော့

"ဟင်...!"

ခြံတံခါးမှာမိန်းမတစ်ယောက်  သူ့ကိုပြုံးပြီးလက်ပြနေသည်။ဘေးက လီလီကျဲကို လက်တို့လိုက်ပြီး

"ကျဲ...ဟိုမှာ...ဧည့်သည်လားမသိဘူး?"

"ဟမ်...!နေအုန်း ကျဲသွားမေးလိုက်မယ်..."

"ဟုတ်..."

လီလီကျဲနဲ့ ထိုအဒေါ် စကားပြောနေတာကိုအကဲခက်နေလိုက်သည်။

ခဏနေတော့ ကျဲရောက်လာပြီး

"အားဝမ်...ဝမ်မေယွီတဲ့...အားဝမ်နဲ့တွေ့ချင်လို့တဲ့..."

"အင်...ဝမ်မေယွီ...ကျွန်တော် မသိဘူး..."

"တွေ့ချင်သေးလား...ကျဲဘာပြန်ပြောလိုက်ရမလဲ?"

"ကျွန်တော့်ကိုလာရှာတာဆိုတော့...
ဘာကိစ္စရှိလို့လဲမသိဘူး...အိမ်ထဲခဏဝင်ခိုင်းလိုက်ပါကျဲ..."

"အင်းအင်း...ဧည့်ခန်းထဲကစောင့်နေနော်..."

ရိပေါ်   ထိုင်နေပြီး သိပ်မကြာလိုက် ရောက်လာသည်။

ရိပေါ်ကို တစ်ချက်သာရယ်ပြပြီး  အိမ်ကိုကျီးကန်းတောင်းမှောက်ကြည့်နေတာကို ရိပေါ်သတိထားမိသည်။

"ကျဲ...ဧည့်သည်အတွက် တစ်ခုခုစီစဥ်ပေးပါလား...?"

"အို...မဟုတ်တာ...မလိုပါဘူးရိပေါ်လေးရယ်...မေမေလေးက ဧည့်သည်မှမဟုတ်တာ..."

"ဗျာ...!"

ထိုမိန်းမက  မာန်ပါပါနဲ့ပြုံးပြီး

"အော်...ရိပေါ်လေးက...အ့တုန်းကငယ်သေးတော့...မေမေလေးကိုဘယ်မှတ်မိမလဲ...?ဟင်းဟင်း..."

"ဒီမှါ..!ခင်ဗျားဘာတွေပြောနေတာလဲ
ဘာကို မေမေလေးလဲ...?"

"အန်တီမေယွီလေ...ရိပေါ်လေးရဲ့မမှတ်မိဘူးလား...?"

"မသိဘူး...ကြားလည်းမကြားဖူးဘူး...
ခင်ဗျားလာရင်းကိစ္စကိုပြောပါ..."

"ဟင်းဟင်း...မသိသေးရင်ပြောရအုန်းမှာပေါ့
အန်တီက မင်းပါးပါးရဲ့  မိန်းမလေမင်းရဲ့မေမေလေးပေါ့..."

ဒီတစ်ခါနည်းနည်းလေးပြူးပြာသွားတာက ရိပေါ်

"ခင်ဗျားဘာတွေလာပြောနေတာလဲ...?ပါးမှာ မားတစ်ယောက်ပဲရှိတာ...ခင်ဗျားလူလိမ်...ထွက်သွား..."

Sugar man & Canday Boy{Unicode & Zawgyi}CompleteWhere stories live. Discover now