Sugar & Candy (Part-50)U

4.6K 319 40
                                    

"ကိုကို့..."

"ဗျာ..."

"ရိပေါ် ပျင်းတယ်..."

"အဲ့မလို့...ကလေးလေးကိုအိမ်မှာပဲနေလို့ပြောတာပေါ့..."

ရှောင်းကျန့်ပေါင်ပေါ်ကို  ခေါင်းအုန်းနေရာမှ
ထထိုင်လိုက်ပြီး

"ကိုကိုကငြိုငြင်တာလား...?"

"ဟော...ခုကလေးပျင်းတယ်ဆိုလို့လေ...
ခဏလေးပဲ...ဒါလေးစစ်ပြီးရင်ပြီးပြီနော်..."

"အွန်း...ရှာလကာရည်ပဲပင်ကြော် စားချင်တယ်..."

"ချဥ်မှာပေါ့ ကလေးလေးရဲ့..."

"ချဥ်ချဥ်လေးစားချင်တာကို..."

"ဗိုက်နာမယ်လေ..."

"မနာပါဘူး...ကလေးစားချင်လို့ပါနော်...နော်..."

"အချဥ်တွေစားလွန်းရင်...ဗိုက်ထဲကအကောင်ပေါက်လေးတစ်ခုခုဖြစ်မှာမစိုးရိမ်ဘူးလား..."

နှုတ်ခမ်းလေးစူကာ  မျက်လုံးလေးဘေးကပ်ပြီး

"ဖွားဖွားကပြောတယ်...ကိုယ်ဝန်ဆောင်ချိန်မှာ
ဒီလိုချဥ်ချင်းတက်တယ်တဲ့တစ်ဇွန်းပဲ...ကတိပေးတယ်...ရိပေါ်... စားချင်လို့ပါနော်..."

"တကယ်တစ်ဇွန်းပဲ..."

"ဟုတ်...လီလီကျဲကိုဖုန်းဆက်ပြီးလုပ်ခိုင်းထားလိုက်မယ်နော်..."

"ဟုတ်ပါပြီဗျာ..."

"ဟီးးးးမွ...ချစ်တယ်...မွမွ..."

၁လနဲ့၁ပတ်ဗိုက်က  တကယ့်ကိုပြားကပ်ကပ်လေး
ဒါကိုအထဲကအကောင်လေး  အနေကျပ်မှာဆိုးလို့ဆိုပြီးဘောင်းဘီမျော့စီးလေးတွေသာ ဝတ်တော့သည်။
ခုလည်း မျော့စီးဘောင်းဘီအဖြူရောင်လေးနဲ့
အပေါ်က တီရှပ်  အနက်ရောင်ပွပွလေးကို ဝတ်ထားတော့ဖြူဖြူအုအုကလေးက  ရိုးရိုးရှင်းရှင်းလေးနဲ့ထင်းလို့

ဖုန်းဆက်မှာပြီး

"ကိုကို..."

"ဗျာ..."

"ဟို လက်ထောက်အတွင်းရေးမှူးတွေမခေါ်သေးဘူးလားဟင်...."

laptope ပေါ်ကို  အကြည့်မပျက်ပဲ မျက်မှန်ကိုင်းလေးပင့်တင်ရင်း

"အတွင်းရေးမှူးချင်းကတော့
အင်တာဗျူးဖြေထားတဲ့သူတွေရှိတယ်လို့တော့
ပြောတယ်...ဘာဖြစ်လို့လဲ...ကလေးလေး..."

Sugar man & Canday Boy{Unicode & Zawgyi}CompleteWhere stories live. Discover now