Sugar & Candy(Part-37)U

6.2K 324 36
                                    

"ဖြန်း!"

ပူထူသွားတဲ့ပါးတစ်ဖက်ရှောင်လို့ရပေမဲ့ ရှောင်စရာလား နောက်မှ ကိုကိုလာနေပြီကိုယိုင်သွားတာ
ကြောင့် ဘေးကစားပွဲကို လက်ထောက်မိလိုက်တော့မှ စားပွဲကလဲပါလေရော

"ဝုန်း!!!"

"အ!"

ကြောင်ကြည့်နေတဲ့ ရှင်းယိကျဲပုခုံးကို တိုက်​ပြီးအနားကိုအပြေးရောက်လာတဲ့ကိုကို

"ရိပေါ်! ကလေး...."

"ကိုကို...ဟင့်!..."

မျက်နှာနုနုထွေးထွေးလေးပေါ်မှာ လက်ဝါးရာကနီရဲလို့ ပါးပြင်လေးကိုအသာပွတ်ပေးရင်း ရင်ထဲမကောင်းလှကိုယ်ဒီလောက်တန်ဖိုးထားရတဲ့ လူသားကိုမှရိပေါ်ကတော့ ရှောင်းကျန့်ရင်ခွင်ထဲမှာ
မျက်နှာလေးဖွက်ထားသည်။   သူရှက်တယ်ပေါ့

ရိပေါ်ကို အသာထူပြီးမျက်လုံးတွေရဲကာအံကြိတ်သံနှင့်

"ရှင်းးယွီ"

"မ မဟုတ်ဘူး....ရှောင်းကျန့် ငါ....ငါ...မရည်ရွယ်ပါဘူး.....ငါလေ..ငါ...."

ပြူးတူးပြာတာ ဖြစ်နေတဲ့ ရှင်းယီ တစ်ခဏလေး
စိတ်လွတ်သွားတာနဲ့ ဘာတွေဖြစ်ကုန်တာလဲ

"မင်းးပါးစပ်ကိုပိတ်ထားလိုက်စမ်း.....မင်းနဲ့ ငါ နောက်မှ စာရင်းရှင်းမယ်...ကလေးဘယ်နားနာသွားသေးလဲ"

ရိပေါ်ပုခုံးကို တင်းတင်းဆုပ်ကာလည်ပင်းကြောတွေပါထောင်ပြီး ဒေါသထွက်နေတဲ့ကိုကို က ရိပေါ်ကိုတော့ နူးနူးညံ့ညံ့ကလေးမေးတယ်

"လက်ကောက်ဝတ်က... နည်းနည်းနာတယ်ကိုကို..."

လူတွေလည်း ဝိုင်းလာပြီး တိုးတိုး တိုးတိုးနှင့်
ထုံးစံအတိုင်း မျက်နှာကြီးရာ ဟင်းခွက်ပါဆိုသလိုပဲ
ရှင်းယီကိုပဲ သို့လောသို့လော အကြည့်တွေနဲ့

အနားရောက်လာတဲ့ marryနဲ့ ဖန့်ဖန့်

"zhan ge yibo ge လူတွေဝိုင်းနေပြီ အနောက်က guest houseထဲ ခဏလောက်ဝင်နေပါလား ကျွန်တော်စီစဥ်လိုက်မယ်"

ရှောင်းကျန့် ခေါင်းညိမ့်ပြကာရှင်းယီကို စူးစူးစိုက်စိုက်ကြည့်ပြီး

"ငါ့  နောက်ကလိုက်ခဲ့"

ပြောပြီး ရိပေါ်ကိုစွေ့ခနဲ့ပွေ့လိုက်တော့ ရှောင်းကျန့်
ပုခုံးကို အလိုက်သင့်လေးဆွဲလိုက်ရင်းက

Sugar man & Canday Boy{Unicode & Zawgyi}CompleteWhere stories live. Discover now