Sugar & Candy (Part-22)U

8.3K 410 23
                                    

"ဝမ်ရိပေါ် ! မင်းကိုမမေးဘူး"

ရိပေါ်မှာကိုယ့်အပြစ်နှင့်ကိုယ်မို့ မျက်နှာလေးမဲ့ပြီးခေါင်းလေးသာငုံ့နေသည်။အရင်ထဲက ခြံထဲမဆင်းဖို့ ကိိုကိုအတန်တန် တားသည်လေ။
ရှောင်းကျန့် မျက်ထောင့်နီကြီးဖြင့် ရိပေါ်ဘေးကလီလီစိုက်ကြည့်တော့

"သ သခင်လေး လီလီမှားတာပါ လီလီအလိုလိုက်တာပါ"

"ကျဲ .မ .."

ရိပေါ် စကားဖြတ်ပြောမည်ပြုတော့ လီလီကမပြောရန် ခေါင်းရမ်းပြသည်။

"တောက်!!"

ရှောင်းကျန့် ရိပေါ်ကိုယ်ကိုကောက်ပွေ့တော့ ရှောင်းကျန့် မျက်နှာကိုခိုးကြည့်ရင်း အသံတိုးတိုးလေးနှင့်

"ကလေး..အမှားပါ ကိုကို လီလီကျဲကိုမဆူပါနဲ့နော်"

ကိုကို ကတော့ ရိပေါ်ကို တစ်ချက်သာငုံ့ကြည့်သည် ။

"ကိုကို ...."

အခန်းထဲရောက် ခုတင်ပေါ်ကိုချပေးပြီးသည်ထိ ရှောင်းကျန့်စကားမပြော ဗီရိုထဲက အကျီတွေထုတ်ပေးကာ ရေချိုးခန်းထဲဝင်သွားသည်။ပြီးတော့ ရေဇလုံနှင့် သပတ်ယူလာပြီး

"ရေပတ်တိုက်ရအောင်"

တစ်ချက်ပဲကြည့်ပြီးအကျီချွတ်ပေးကာ ရေပတ်တိုက်ပေးနေသည် ။

"ကိုကို"

"......"

"ကျွန်တော် တောင်းပန်ပါတယ် အ! ဟင့်!"

"ကျစ်..!...."

ရစ်ကီတို့လက်သည်းတွေနှင့် ခြစ်မမိထားရာက အစကမနာပေမဲ့ ရေနှင့်ထိတော့စပ်လာသည်။ လက်ဖျံလေးဖွေးဖွေးလေးမှာ ခြစ်ရာရဲရဲတွေက ရှောင်းကျန့် ကိုပိုလို့စိတ်တိုစေသည်။

အကျီလက်ပျက်လေးကိုဝတ်စေရင်း ဆေးသေတ္တာယူကာ ဆေးထည့်ပေးတော့

"အ! စပ်တယ် ဟင့်"

မျက်ရည်လေးတွေဝိုင်းကာ တုန်နေတဲ့ လက်ကလေးနဲ့ ဆေးထည့်ပေးသောရှောင်းကျန့် လက်ကိုတားလေတော့ မျက်နှာကိုတင်းမထားနိုင် ရိပေါ်လက်ကလေးကို ဖွဖွဆုပ်လိုက်ပြီး

"ကလေး ခဏလေးပဲနော် ဆေးထည့်လို့ပြီးတော့မယ်"

ရိပေါ် ခေါင်းလေးကို တဆက်ဆက်ညိမ့်ပြတော့ ဖြူအုနေတဲ့မျက်နှာလေးအထက်က မနက်ကစည်းပေးထားတဲ့ ဆံပင်ထောင်ထောင်လေးက တစ်လှုပ်လှုပ်နှင့် တကယ်ပင်အသည်းယားဖွယ်

Sugar man & Canday Boy{Unicode & Zawgyi}CompleteWhere stories live. Discover now