Sugar & Candy (Part -42)U

4.7K 320 32
                                    

"ဖွားဖွား  စွပ်ပြုပ်သောက်လို့ရပြီ..."

"အေးအေး...အားကျန့်ရော သက်သာရဲ့လား...
ညကရောအိပ်ပျော်သွားရဲ့လား...?"

"ဆေးရှိန်နဲ့​မို့ထင်တယ် အိပ်သွားတယ်ဖွားဖွား...
ခုထိ‌မနိုးသေးဘူး..."

"နိုးပြီးဆေးတိုက်လိုက်အုန်းအားဝမ်...ခရီးတွေဆက်တိုက်ဖြစ်နေတော့...ပင်ပန်းတော့တာနေမှာ..."

"ဟုတ်..."

__

"အားဝမ်...သခင်လေးနိုးနေပြီခေါ်နေတယ်..."

"ဟုတ်ကျဲ...ဖွားဖွား...စွပ်ပြုပ်သောက်ထားနော်...
သား...ကိုကို့စီသွားအုန်းမယ်..."

"အေးအေး...သေချာဂရုစိုက်လိုက်အုန်း..."

________

ရှောင်းကျန့် အိပ်ယာနိုးလာပြီး
ဘေးကိုလက်စမ်းကြည့်တော့ ရိပေါ်ကမရှိ

"ကလေး....ရိပေါ်..."

အကျီက ချွေးတွေရွဲနေတာမို့ ချွတ်နေတုန်းပန်းကန် ထည့်ထားတဲ့ဗန်းလေးကိုင်ပြီး ဝင်လာတဲ့ရိပေါ်

"ကိုကို..."

ဗန်းကိုချကာ အကျီကူချွတ်ပေးနေတုန်း

"ကလေးက...ဘယ်တွေသွားနေတာလဲ..."

"ဖွားဖွားနဲ့ ကိုကို့အတွက်စွပ်ပြုပ်လုပ်ပေးနေတာ..."

မျက်နှာက ချွေးတွေကို ပုဝါနဲ့သုပ်ပေးရင်း

"ဘာလဲ...ကိုကိုက ...ကလေးကိုလွမ်းနေလို့လား..."

"လွမ်းလို့ပဲ...ဒီထိရောက်လာတာပေါ့ကွ..."

"ပြွတ်စ်!"

ချွေးတွေနဲ့ ကိုကို့နှုတ်ခမ်းက ချိုမနေဘူး

"ကိုကို...နေသာရဲ့လားဟင်...ခေါင်းမူးသေးလား...
ချွေးတွေအရမ်းထွက်ထားတော့ခဏနေ ဓာတ်ဆားပဲမယ်နော်..."

"သက်သာပါတယ်အချစ်ရဲ့...ဒီလောက်‌ေလးနဲ့...ကိုယ်ဘာမှမဖြစ်ဘူး..."

"မနေ့ညက ကိုကို ဖျားပြီး...ကယောင်ကတမ်းတွေဖြစ်နေတုန်းက...ရိပေါ် ...အရမ်းလန့်သွားတာ...
ကိုယ်တွေခြစ်ခြစ်တောက်ပူနေတဲ့...ကိုကို့ကိုလည်းအရမ်းသနားတယ်...ဖြစ်နိုင်ရင်ကိုကို့အစားကျွန်တော်ပဲဖြစ်လိုက်ချင်တယ်..."

Sugar man & Canday Boy{Unicode & Zawgyi}CompleteWhere stories live. Discover now