ရိပေါ် ဒီနေ့အူမြူးနေတယ် ကုမ္ပဏီသွားတော့မဲ့
ရှောင်ကျန့်ကို အကျီကူဝတ်ပေးနေရင်း ပြုံးစိစိနဲ့မို့တက်နေတဲ့ပါးလေးကို ငုံ့နမ်းလိုက်ရင်း
"ကိုယ့်ကလေးလေး...
ဘာတွေသဘောကျနေတယ်...""ဟိ...ယံယံစီသွားရမဲ့နေ့လေ...
ကိုကို...မေ့မနေနဲ့နော်...စောစောပြန်ခဲ့..."ဒီနှစ်လအတွင်း
ရိပေါ်အရင်လိုပဲပြုံးပြုံးရွှင်ရွှင်ဖြစ်လာတယ်ယံယံလေးကလည်း
ရိပေါ်ကိုသံယောဇဉ်တော်တော်ရှိတယ်တစ်ပတ်ကို ၃ရက် ဘုရားကျောင်းကိုလိုက်ပို့ရတယ်
ဘုရားကျောင်းရောက်ရင် ပါးပါးလေးဆိုပြီး
ရိပေါ်နားကမခွါတော့ဘူးကလေးယူဖို့လည်းထပ်မပြောတော့တာမို့
ရှောင်ကျန့်လည်း စိတ်အေးရတယ်လေ"ဟုတ်ပါပြီ..."
"ကိုကို..."
"ဟင်..."
"နှစ်လတောင်ကျော်နေပြီ...
ယံယံလေးမိဘတွေက
ပြန်လာမခေါ်လောက်တော့ပါဘူးနော်
ဆုမတောင်းကောင်းပေမဲ့...သူတို့နဲ့
ပြန်လာမခေါ်တော့ရင်ကောင်းမှာပဲ..."နဖူးလေးကိုနမ်းလိုက်ရင်း...
"ကလေး...ယံယံကို...
မွေးစားရမယ်လို့တထစ်ချကြီး
တွေးမထားနဲ့နော်...ကိုယ်တို့
ဘယ်လောက်ပဲချစ်ပေးနိုင်ပါစေ
သူ့မိဘရင်းတွေနဲ့တော့...မတူနိုင်ဘူးလေ...
တအားကြီး မျှော်လင့်ထားဖြစ်...
ဖြစ်မလာခဲ့ရင် ကလေးပဲခံစားရမှာ...""အင့်...ရိပေါ်ကယံယံလေးကိုချစ်တာကို..."
"ဟင်...အ့ဆိုကိုယ့်ကိုရောမချစ်ဘူးလား..."
"ကိုကိုနော်...တူမလား..."
"မရဘူး...ကိုယ်က...
ကလေးတစ်ယောက်ထဲကိုပဲချစ်တာလေ...
ကလေးကနှစ်ယောက်တောင်..."နှုတ်ခမ်းကို နှစ်ချက်ဆင့်နမ်းလိုက်ရင်း
"နှစ်ယောက်လည်း...
ကိုကို့ကိုပိုချစ်တာပါ...
ညနေစောစောပြန်ခဲ့နော်..."ပြွတ်စ်ခနဲ့မြည်အောင် နှုတ်ခမ်းလေးကိုဆွဲစုပ်လိုက်ပြီး
![](https://img.wattpad.com/cover/205219842-288-k244094.jpg)
YOU ARE READING
Sugar man & Canday Boy{Unicode & Zawgyi}Complete
FantasyXiao Zhan -seme Yibo -uke (Zhanyi)