Sugar&Candy (Part-56) Z

3.5K 210 35
                                    

"mr. xiao zhan မှာ
အိမ်ထောင်ရှိတယ်လို့သိထားပေမဲ့
ဒီနယ်ပယ်မှသိပ်မတွေ့ရသလိုပဲနော်...
စီးပွါးရေးလောကထဲကမဟုတ်လို့များလား...?"

တစ်ဖက်လူပြောစကားကို
ခေါင်းတစ်ငြိမ့်ငြိမ့်နဲ့သေချာနားထောင်ကာ
နှုတ်ခမ်းလေးပင့်ယုံသာပြုံးပြီး

"မတွေ့တယ်ဆိုတာက ဒီနယ်ပယ်နဲ့မဆိုင်ဘူးဗျ
ကျွန်တော်ကိုယ်တိုင်ကလည်း...
လူစိတ်ဝင်စားခံရတာမကြိုက်သလို
ကျွန်တော်အမျိုးသားကလည်း
ရှုပ်ရှုပ်ရှက်ရှပ်ရှပ်တွေ မကြိုက်ဘူး...
နောက်ပြီး ခုကျတော့ ကိုယ်ဝန်လေးနဲ့ဆိုတော့
အိမ်မှာပဲ အနေများသွားတာဗျ...
ကိုယ်တိုင်လည်း ...
အတင်းအကျပ်မတိုက်တွန်းဘူး သူ့ဆန္ဒက အဓီကမို့
သူ့သဘောအတိုင်းပဲထားတာပါ..."

မေးခွန်းကိုအတွင်းကျကျမေးတာကို
ရှောင်းကျန့်ပိတ်ဖြေသွားတာမို့
ဆက်မေးစရာပင်မရှိတော့ ရှောင်းလူကြီးမင်းရဲ့ အချစ်တော်ဘွဲ့ရထားတဲ့ ကောင်လေးက
သူတို့လောကမှာ သတင်းမွှေးတယ်
ကောင်လေးက သိုသိုသိပ်သိပ်မို့
သတင်းသမားတွေပိုစိတ်ဝင်စားခံရတာဆိုလည်းမမှားပေ
ကိုယ်ဝန်အကြောင်းကိုလည်း ကုမ္ပဏီကchannelမှာ
အတိအလင်းကျေညာထားတာမို့ တစ်နိုင်ငံလုံးသိသည်။

သတင်းနှိုက်မရတာနဲ့ စီးပွါးရေးအကြောင်းကိုပဲစကားရောက်သွားသည်။

ရိပေါ် အိမ်မှာနေရင်းChannel Cမှာလာနေတဲ့
ကိုကို့အင်တာဗျူးကို live ကြည့်နေသည်။

သူကိုယ်တိုင်ရွေးပေးတဲ့ အသည်းပုံအနီလေးပါတဲ့
ရှပ်အကျီအဖြူလေးနဲ့စတိုင်ပန်ရိုးရိုးလေးပဲ
ဝတ်ထားတဲ့ကိုကိုမျက်နှာက
ကြည်ကြည်တောက်တောက်လေး
မဖြေချက်တဲ့မေးခွန်းဆိုရင်တောင်
စကားကိုအလိမ်မာသုံးပြီး​ပြောတက်တယ်

Liveပြီးတော့

"လီလီကျဲရေ...."

"...."

"ကျဲ..."

အိမ်နောက်ရောက်နေတာမို့ မကြားတဲ့အဆုံး
လက်တစ်ဖက်က ခါးကိုထိန်းကုန်းထကာ
ထမင်းစားခန်းကိုသွားရတော့သည်။

"အားဝမ်...ကျဲကိုရှာတာလား...
ဘာစားချက်လို့လဲ?"

"ဟွန့်...ခေါ်နေတာကြာပြီ...
အော်ခေါ်ရလွန်းလို့ကလေးတောင်ပြွတ်ခနဲ
ထွက်တော့မယ်..."

Sugar man & Canday Boy{Unicode & Zawgyi}CompleteWhere stories live. Discover now